အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ်၊ အတ္တလန္တာမြို့ရှိ ကိုကာကိုလာ ဌာနချုပ် | |
အမျိုးအစား | အများနှင့်သက်ဆိုင်သော ကုမ္ပဏီ |
---|---|
လုပ်ငန်း | အဖျော်ယမကာ |
တည်ထောင်သည့်နှစ် | ၁၈၈၆ ခုနှစ် |
တည်ထောင်သူများ | အာဆာ ဂရစ် ကန်ဒလာ နှင့် ဂျွန် ပန်မ်ဘာတန် တို့က "ကိုကာကိုလာ" အချိုရည်ကို ဖန်တီးခဲ့ပြီး၊ အာဆာ ဂရစ် ကန်ဒလာ သည် ကိုကာကိုလာ ကုမ္ပဏီ တည်ထောင်သူ ဖြစ်သည်။ |
ဌာနချုပ် | အတ္တလန္တာမြို့၊ ဂျော်ဂျီယာပြည်နယ်, အမေရိကန်ပြည်ထောင်စု |
ဝန်ဆောင်မှု ဧရိယာ | ကမ္ဘာတစ်ဝှန်း |
အရေးပါ ပုဂ္ဂိုလ်များ |
|
ထုတ်ကုန်ပစ္စည်း | အချိုရည် အမျိုးမျိုး |
ဝင်ငွေ | အမေရိကန်ဒေါ်လာ ၄၆.၈၅၄ ဘီလီယံ (၂၀၁၃)[၁] |
အခွန်မဆောင်မီ ဝင်ငွေ | အမေရိကန်ဒေါ်လာ ၁၀.၂၂၈ ဘီလီယံ (၂၀၁၃)[၁] |
အသားတင် ဝင်ငွေ | အမေရိကန်ဒေါ်လာ ၈.၅၈၄ ဘီလီယံ (၂၀၁၃)[၁] |
ရင်းနှီးမြှုပ်နှံမှု | အမေရိကန်ဒေါ်လာ ၉၀.၀၅၅ ဘီလီယံ (၂၀၁၃)[၁] |
စုစုပေါင်း ရှယ်ယာတန်ဖိုး | အမေရိကန်ဒေါ်လာ ၃၃.၄၄ ဘီလီယံ (၂၀၁၃)[၁] |
အလုပ်သမားဦးရေ | ၁၃၀,၆၀၀ (၂၀၁၃ ဒီဇင်ဘာ)[၁] |
ဝက်ဘ်ဆိုက် | Coca-ColaCompany.com |
ကိုကာကိုလာ ကုမ္ပဏီသည် နိုင်ငံပေါင်းစုံတွင် အခြေစိုက်သော အယ်လ်ကိုဟော မပါဝင်သည့် အဖျော်ယမကာမျိုးစုံ ထုတ်လုပ်ဖြန့်ဖြူး ဈေးကွက်တင် ရောင်းချသည့် အမေရိကန်ကုမ္ပဏီ တစ်ခုဖြစ်သည်။ ဌာနချုပ်မှာ အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ်၊ အတ္တလန္တာမြို့တွင် တည်ရှိသည်။ ၁၈၈၆ ခုနှစ်တွင် ဂျော်ဂျီယာပြည်နယ်၊ ကိုလံဘတ်မြို့မှ ဆေးဝါးပညာရှင် ဂျွန် ပန်မ်ဘာတန် တီထွင်ခဲ့သည့် ကိုကာကိုလာ အချိုရည်ထုတ်လုပ်သည့် ကုမ္ပဏီအဖြစ် နာမည်ကျော်ကြားသည်။[၂]