ကုလသမဂ္ဂ ၏ အထွေထွေ အတွင်းရေးမှူးချုပ် | |
---|---|
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရုံး | |
ပုံစံ | His Excellency |
စံအိမ် | Sutton Place |
ရုံးတည်နေရာ | ကုလသမဂ္ဂဌာနချုပ် နယူးယောက်မြို့၊ နယူးယောက်ပြည်နယ်၊ အမေရိကန် ပြည်ထောင်စု |
အဆိုပြုသူ | လုံခြုံရေးကောင်စီ |
ခန့်အပ်သူ | အထွေထွေညီလာခံ |
သက်တမ်း | ၅ နှစ် (သက်တမ်းတိုးနိုင်၊ ၂ ကြိမ်ထိ ကန့်သတ်ထား) |
ဖွဲ့စည်းပုံ အခြေခံဥပဒေ | ကုလသမဂ္ဂ ဖွဲ့စည်းပုံဥပဒေ |
စတင်ထမ်းဆောင်သူ | ထရီဗီလီ |
ဖွဲ့စည်းခြင်း | ဇွန် ၂၆၊ ၁၉၄၅ |
လက်ထောက် | ဒုတိယ အထွေထွေအတွင်းရေးမှူးချုပ် |
ဝက်ဘ်ဆိုဒ် | un.org/sg |
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် (အင်္ဂလိပ်: Secretary-General of the United Nations; အတိုကောက် UNSG သို့မဟုတ် SG) သည် ကုလသမဂ္ဂ၏ ပင်မဌာနငါးခုတွင် အပါအဝင်ဖြစ်သော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရုံး၏ အကြီးအကဲဖြစ်သည်။ အထွေထွေအတွင်းရေးမှူးချုပ်သည် ကုလသမဂ္ဂ၏ အုပ်ချုပ်ရေးအရာရှိအဖြစ် တာဝန်ယူသည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရုံးနှင့် အထွေထွေအတွင်းရေးမှူးချုပ်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ကုလသမဂ္ဂ ဖွဲ့စည်းပုံဥပဒေ၏ အခန်း ၁၅ တွင် ဖော်ပြထားသည်။
၂၀၁၇ ခုနှစ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော အထွေထွေအတွင်းရေးမှူးချုပ်မှာ အန်တိုနီရို ဂူတာရက်စ် ဖြစ်ပြီး ၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၃ ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေညီလာခံမှတဆင့် ခန့်အပ်ခဲ့သည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ နေထိုင်ရာသည် အမှတ် ၃၊ ယောက်ရိပ်သာ / ဆက်တွန်ရပ်၊ မဟက်တန်၊ နယူးယောက်မြို့၊ နယူးယောက်ပြည်နယ်၊ အမေရိကန် ပြည်ထောင်စု ဖြစ်သည်။ နေအိမ်သည် ၁၉၂၁ ခုနှစ်တွင် အန်း မော်ဂန် အတွက် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး ကုလသမဂ္ဂသို့ ၁၉၇၂ ခုနှစ်တွင် လှူဒါန်းခဲ့သည်။[၁]
№ | ပုံ | အထွေထွေ အတွင်းရေးမှူးချုပ် (မွေးဖွား–ကွယ်လွန်) |
ရာထူးသက်တမ်း | နိုင်ငံ | UN ဒေသအုပ်စု | နုတ်ထွက်ရခြင်း အကြောင်းရင်း | ကိုးကား |
---|---|---|---|---|---|---|---|
ဂေါ်လ်ဒွင်ဂျက်ဘ် (၁၉၀၀–၁၉၉၆) |
၂၄ အောက်တိုဘာ ၁၉၄၅ – ၁ ဖေဖော်ဝါရီ ၁၉၄၆ |
ယူနိုက်တက်ကင်းဒမ်း | အနောက် ဥရောပနှင့် အခြား | ထရီဗီလီ အား တရားဝင် မရွေးချယ်ရသေးမီ ယာယီ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အဖြစ် ခေတ္တ ဆောင်ရွက်ခဲ့သည်။ | [၂] | ||
ထရီဗီလီ (၁၈၉၆–၁၉၆၈) |
၂ ဖေဖော်ဝါရီ ၁၉၄၆ – ၁၀ နိုဝင်ဘာ ၁၉၅၂ |
နော်ဝေ | အနောက် ဥရောပနှင့် အခြား | နုတ်ထွက် | [၃] | ||
ဒက်ဟမ်းမားရှိုး (၁၉၀၅–၁၉၆၁) |
၁၀ ဧပြီ ၁၉၅၃ – ၁၈ စက်တင်ဘာ ၁၉၆၁ |
ဆွီဒင် | အနောက် ဥရောပနှင့် အခြား | ကွန်ဂိုသို့ ငြိမ်းချမ်းရေးမစ်ရှင်အတွက် အသွား မြောက်ရိုဒီးရှား (ယခု ဇမ်ဘီယာနိုင်ငံ) တွင် လေယာဉ်ပျက်ကျပြီး ကွယ်လွန်ခဲ့သည်။ | [၄] | ||
ဦးသန့် (၁၉၀၉–၁၉၇၄) |
၃၀ နိုဝင်ဘာ ၁၉၆၁ – ၃၁ ဒီဇင်ဘာ ၁၉၇၁ |
မြန်မာ | အာရှ-ပစိဖိတ် | တတိယအကြိမ် ရွေးချယ်ခံရန် ငြင်းဆန်ခဲ့သည်။ | [၅] | ||
ကွတ်ဝေါလ်ဟိုင်း (၁၉၁၈–၂၀၀၇) |
၁ ဇန်နဝါရ္ ၁၉၇၂ – ၃၁ ဒီဇင်ဘာ ၁၉၈၁ |
ဩစတြီးယား | အနောက် ဥရောပနှင့် အခြား | သူ၏ တတိယသက်တမ်းအား တရုတ်မှ ဗီတိုအာဏာဖြင့် ပယ်ချခဲ့သည်။ | [၆] | ||
ဟာဗီးယား ပဲရက်စ် ဒီကွေးလျား (၁၉၂၀ မွေးဖွား) |
၁ ဇန်နဝါရီ ၁၉၈၂ – ၃၁ ဒီဇင်ဘာ ၁၉၉၁ |
ပီရူး | လက်တင်အမေရိကနှင့် ကာရစ်ဘီယံ | တတိယသက်တမ်းအတွက် အရွေးချယ်မခံ | [၇] | ||
ဘူးထရို့စ် ဘူးထရို့စ် ဂါလီ (၁၉၂၂–၂၀၁၆) |
၁ ဇန်နဝါရီ ၁၉၉၂ – ၃၁ ဒီဇင်ဘာ ၁၉၉၆ |
အီဂျစ် | အာဖရိက | သူ၏ ဒုတိယသက်တမ်းအား အမေရိကန် ပြည်ထောင်စုမှ ဗီတိုအာဏာဖြင့် ပယ်ချခဲ့သည်။ | [၈] | ||
ကိုဖီအန်နန် (၁၉၃၈-၂၀၁၈) |
၁ ဇန်နဝါရီ ၁၉၉၇ – ၃၁ ဒီဇင်ဘာ ၂၀၀၆ |
ဂါနာ | အာဖရိက | သက်တမ်းနှစ်ကြိမ်အပြီး အနားယူခဲ့သည်။ | [၉] | ||
ဘန်ကီမွန်း (၁၉၄၄ မွေးဖွား) |
၁ ဇန်နဝါရီ ၂၀၀၇ – ၃၁ ဒီဇင်ဘာ ၂၀၁၆ |
တောင်ကိုရီးယား | အာရှ-ပစိဖိတ် | သက်တမ်းနှစ်ကြိမ်အပြီး အနားယူခဲ့သည်။ | [၁၀] | ||
အန်တိုနီရို ဂူတာရက်စ် (၁၉၄၉ မွေးဖွား) |
၁ ဇန်နဝါရီ ၂၀၁၇ – လက်ရှိ |
ပေါ်တူဂီ | အနောက်ဥရောပနှင့် အခြား |
ဧပြီ ၂၀၂၄ အထိ သက်ရှိထင်ရှားရှိနေသော အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်းမှာ ဘန်ကီမွန်း ဖြစ်သည်။ နောက်ဆုံး ကွယ်လွန်ခဲ့သော အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်းမှာ ၂၀၂၀ပြည့်နှစ် မတ်လ ၄ ရက်နေ့တွင် ကွယ်လွန်ခဲ့သော ဟာဗီးယား ပဲရက်စ် ဒီ ကွေးလျား (၁၉၈၂ -၁၉၉၁) ဖြစ်သည်။[၁၁]ကိုဖီအန်နန်မှာ ၂၀၁၈ခုနှစ် ဩဂုတ်လ၁၈ရက်တွင်ကွယ်လွန်ခဲ့သည်။[၁၂][၁၃]