ရိန်းဒီးယားသမင် (အင်္ဂလိပ်: Reindeer) (သို့) ကဲရီဘူးသမင် (အင်္ဂလိပ်: Caribou) | |
---|---|
A reindeer in Norway | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Mammalia |
မျိုးစဉ်: | Artiodactyla |
မျိုးရင်း: | Cervidae |
မျိုးရင်းသေး: | Capreolinae |
မျိုးဇာတ်: | Rangiferini |
မျိုးစု: | Rangifer C. H. Smith, 1827 |
မျိုးစိတ်: | R. tarandus
|
ဒွိနာမ | |
Rangifer tarandus (လင်းနီးယပ်, 1758)
| |
Reindeer range: North American (green) and Eurasian (red) | |
Synonyms | |
Cervus tarandus Linnaeus, 1758 |
ကယ်ရီဘူးသမင်၏ သိပ္ပံအမည်မှာ "ရန်ဂီဖာ တာရန်ဒက်စ်" ဖြစ်သည်။ ကဲရီဘူးသည် သမင်ကြီးမျိုးဖြစ်ပြီး ရိန်းဒီးယားဟုလည်း ခေါ်သည်။ "အာတီအိုဒက်တိုင်းလား" မျိုးစဉ်ဝင် ဖြစ်လေသည်။ [၂]ယင်းတို့ကို ဝင်ရိုးစွန်းဒေသတဝိုက်တွင် တွေ့ရသည်။ ဥရောပမြောက်ပိုင်း၊ ဆိုက်ဘေးရီးယားနှင့် မြောက်အမေရိကတိုက်တို့ရှိ အာတိတ်ဒေသများ၊ အာတိတ်ဆန် သောဒေသများ၊ တန်ဒြာဒေသများတွင် တွေ့ရသည်။ [၃]
အဖိုအမနှစ်ကောင်စလုံးတွင် အခက်အလက်များဖြင့် ဝေဆာနေသောဦးချိုများ ရှိသည်။ ဦးခေါင်း မှာ ကြီးမားပြီး လည်ပင်းနှင့် ခြေထောက်တို့မှာ တိုတိုတုပ်တုပ်နှင့် သန်မာလေသည်။ ခွာများမှာ နှစ်ခြမ်းကွဲနေပြီး နင်းလိုက်သောအခါ ဘေးသို့ကားပြီးထွက်သွားသဖြင့် ရေခဲပြင်များပေါ် ၌ပင် ခြေချော်လေ့မရှိအောင် ပြေးလွှား သွားနိုင်၏။ နော်ဝေးနိုင်ငံနှင့် ရုရှားပြည်၏ ဆိုက်ဘေးရီးယားနယ်များတွင် ရေခဲပြင်များပေါ်တွင် မောင်းနှင်းသောလှည်းများ ကို ဆွဲရန်အတွက် ယင်းသမင်များကို အသုံးပြုလေသည်။ ၎င်းပြင် နို့ညှစ်ယူရန်အတွက် နွားမွေးသကဲ့သို့ အများ အပြားမွေးမြူတတ်ကြသည်။ ကဲရီဘူးသမင်များသည် အုပ်လိုက်ဖွဲ့ကာ တစ်နေရာမှ အခြားတစ်နေရာသို့ လှည့် လည်ပြောင်းရွှေ့နေထိုင်ကြလေသည်။[၄]
ဤ နို့တိုက်သတ္တဝါအကြောင်း ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |