ခြေဆစ်များ သတ္တဝါ Arthropods (အာသရိုပေါ့ဒ်)
|
|
မျိုးသုဉ်းပြီးနှင့် ခေတ်သစ် အာ့သရိုပေါ့ဒ်များ။ အထက်မှ အောက်သို့ - ဝဲမှ ယာဖြင့်။ †ထရိုင်လိုဘိုက်၊ †ပင်လယ် ကင်းလက်မဲ၊ ကင်းမြီးကောက်၊ ကဏန်း၊ ကင်းခြေများ၊နှင့် လိပ်ပြာ
|
မျိုးရိုးခွဲခြားခြင်း
|
လောက:
|
Animalia
|
လောကသေး:
|
Eumetazoa
|
Clade:
|
ParaHoxozoa
|
Clade:
|
Bilateria
|
Clade:
|
Nephrozoa
|
(unranked):
|
Protostomia
|
Superphylum:
|
Ecdysozoa
|
(unranked):
|
Panarthropoda
|
မျိုးပေါင်းစု:
|
Euarthropoda von Siebold, 1848
|
မျိုးပေါင်းစုသေးများ/ အဆင့်သတ်မှတ်မထားသည့် မျိုးစုများ/ မျိုးစဉ်များ
|
- †Dinocaridida
- †Isoxys
- Class †Megacheira (possibly paraphyletic)
- †Kiisortoqia
- †Fuxianhuiida
- Clade Arachnomorpha
- Clade Mandibulata
- †Aquilonifer
- †Euthycarcinoidea
- Subphylum Myriapoda
- Subphylum Crustacea
- †Hymenocarina
- Superclass Oligostraca
- Clade Altocrustacea
- Thecostraca – barnacles
- Copepoda – copepods
- Malacostraca – mantis shrimp, isopods, decapods, krill, etc.
- Cephalocarida – horseshoe shrimp
- Branchiopoda – brine shrimp, tadpole shrimp, water fleas, etc.
- Remipedia – remipedes
- Hexapoda – springtails, coneheads, insects, etc.
- Incertae sedis
|
ဇီဝမျိုးစုံမျိုးကွဲ
|
မျိုးစိတ်ပေါင်း (၁,၁၇၀,၀၀၀) ဝန်းကျင်
|
Synonyms
|
Condylipoda Latreille, 1802
|
ခြေဆစ်များ သတ္တဝါများ (၊ ရှေးဟောင်းဂရိ: ἄρθρον (အာ့သရွန်), “အရိုးဆစ်”။ πούς (ပေါင့်စ်), “ခြေချောင်း”။ (ဂရိ: ποδός)) သည် ကျောရိုးမဲ့သတ္တဝါများထဲတွင်ပါဝင်သည့် တိရစ္ဆာန်အစုအဖွဲ့ကြီးဖြစ်သည်။ အင်းဆက်၊ ပင့်ကူ၊ ကဏန်း၊ ပုစွန်၊ ကင်းနားသန် (အရပ်အခေါ် - ရထားကောင်) နှင့် ကင်းခြေများ စသည့် တိရစ္ဆာန်အားလုံးသည် ခြေဆစ်များ သတ္တဝါများဖြစ်သည်။ သိပ္ပံနည်းကျခွဲခြားမှုအရ ခြေဆစ်များ တိရစ္ဆာန်အားလုံးသည် မျိုးပေါင်းစု အာ့သရိုပေါ်ဒါထဲတွင် ပါဝင်သည်။ အာ့သရိုပေါ့ဒ်များတွင် အပိုင်းလိုက် ဆက်စပ်ထားသကဲ့သို့သော ခန္ဓာကိုယ်၊ ၎င်းအားဖုံးအုပ်ကာကွယ်ပေးထားသော (exoskeleton) ဟုခေါ်သော ပြင်ပအခွံမာနှင့် အဓိက ဝိသေသဖြစ်သည့် အဆစ်များသော ခြေလက်များပါရှိသည်။ အာ့သရိုပေါ့ဒ်အများစုသည် ကုန်းနေသတ္တဝါများဖြစ်ကြပြီး ရေတွင်နေထိုင်သည့် မျိုးစိတ်အချို့လည်း ရှိသည်။ တိရစ္ဆာန် ကမ္ဘာလောက၌ရှိသည့် မည်သည့် တိရစ္ဆာန်အုပ်စုထက်မဆို ခြေဆစ်များသတ္တဝါ မျိုးစိတ်အရေအတွက်မှာ အများဆုံးဖြစ်သည်။ ၎င်းတိရစ္ဆာန်များသည် ကျွန်ုပ်တို့ လူသားများအပါအဝင် များစွာသော တိရစ္ဆာန်တို့၏ အစာအာဟာရ ရင်းမြစ် တစ်ခုလည်းဖြစ်သည်။
ဇီဝမျိုးကွဲပြားမှု
သိပ္ပံပညာရှင်များသည် အာ့သရိုပေါ့ဒ် မျိုးစိတ်ပေါင်း တစ်သန်းကျော်အား လေ့လာခဲ့ပြီးဖြစ်သည်။ သူတို့လေ့လာသိရှိခဲ့ပြီးသမျှ တိရစ္ဆာန်မျိုးစိတ်အားလုံး၏ ၈၀ ရာခိုင်နှုန်းမှာ အာ့သရိုပေါ့ဒ်များဖြစ်သည်ဟု သိရသည်။ နောက်ထပ်ဖော်ပြရမည့် မျိုးစိတ်များစွာ ကျန်ရှိနေသေးသည် ဟုလည်း ဆို၏။
အများစုသော အာ့သရိုပေါ့ဒ် မျိုးစိတ်မှာ အင်းဆက်များ ဖြစ်သည်။ “အင်းဆက်များမှာ သက်ရှိကမ္ဘာလောက၏ သမိုင်းတလျှောက်၌ ဇီဝမျိုးကွဲ ပေါကြွယ်ဝဆုံး သက်ရှိတိရစ္ဆာန်များဖြစ်သည်။” [၂]
အာ့သရိုပေါ့ဒ် အများစုမှာ ကုန်းပေါ်၌သာ နေထိုင်ရှင်သန်ကြသည်။ အာ့သရိုပေါ်ဒါ မျိုးပေါင်းစုသည် ကုန်းမြေပေါ်၌ အများဆုံးနေထိုင်လေ့ရှိသည့် တစ်ခုတည်းသော ကျောရိုးမဲ့သတ္တဝါများ၏ မျိုးပေါင်းစုဖြစ်သည်။ သို့သော် ခရက်စတေးရှန်း (ကနန်း) အုပ်စုဝင် (ကဏန်း၊ ပုစွန်နှင့် အမျိုးအနွယ်များ) တိရစ္ဆာန် အများစုမှာ ရေထဲ၌သာ နေထိုင်ကြသည်။
၎င်းတို့သည် ပျံသန်းခြင်း အစစ်အမှန်ကို ပြုလုပ်သည့် ပထမဆုံးသော မျိုးပေါင်းစုလည်းဖြစ်သည်။
ဖော်ပြချက်
ခြေဆစ်များ သတ္တဝါများတွင် မာကျောတောင့်တင်းသည့် ခန္ဓာကိုယ် ပြင်အပခွံမာတစ်ခုရှိသည်။ အဆိုပါအခွံမာ (exoskeleton)မှ ခန္ဓာကိုယ် ရေဓာတ်ဆုံးရှုံးမှုကို လျော့ချပေး၏။ ထို့ကြောင့်သာ ကုန်းပေါ်တွင် ၎င်းတို့ ခန္ဓာကိုယ် ခမ်းခြောက်မသွားပဲ နေနိုင်ခြင်းဖြစ်သည်။
အမျိုးအစားခွဲခြားခြင်း
မျိုးပေါင်းစု အာ့သရိုပေါ်ဒါအား ရှင်သန်ဆဲ တိရစ္ဆာန်အုပ်စု လေးခုနှင့် မျိုးသုဉ်းခဲ့ပြီး တိရစ္ဆာန်အုပ်စု တစ်စုတို့ဖြင့် စုဖွဲ့ထားသည် -
- ခီလစ်ဆာရိတ် (အင်္ဂလိပ်: Chelicerates) အုပ်စုတွင် မြင်းခွါပုံ ကဏန်းများ၊ ပင့်ကူများ၊ ခြင်များနှင့် ကင်းမြီးကောက်များ ပါဝင်သည်။
- မီရီယာပေါ့ဒ် (အင်္ဂလိပ်: Myriapods) အုပ်စုတွင် မီလီပိဒ် (ရထားကောင်) နှင့် စင်တီပိဒ် (ကင်းခြေများ) တို့ပါဝင်သည်။
- ခရက်စတေးရှန်း (အင်္ဂလိပ်: Crustaceans) အုပ်စုတွင် ပုစွန် ၊ ကဏန်း ၊ ခရင်းကောင်တို့ပါဝင်သည်။ မျိုးပေါင်းစုခွဲ ခရက်စတေးရှန်း၏ အုပ်စုဝင် အများစုမှာ ရေနေသတ္တဝါများဖြစ်ကြသည်။
- ဟက်ဇာပေါ့ဒ် (အင်္ဂလိပ်: Hexapods) အုပ်စုတွင် အင်းဆက်များနှင့် အခြားသက်ရှိအနည်းငယ်ပါဝင်သည်။ ဟက်ဇာပေါ့ဒ်၏ ထူးခြားသော ဝိသေသမှာ ခြေချောင်း ခြောက်ချောင်း ပါရှိခြင်းဖြစ်ပြီး သို့အတွက်ကြောင့် ထိုအမည်ရထားခြင်းဖြစ်၏။
- ထရိုင်လိုဘိုက် (အင်္ဂလိပ်: Trilobites) များသည် မျိုးသုဉ်းပျောက်ကွယ်သွားသည့် အာ့သရိုပေါ့ဒ် အုပ်စုတစ်ခုဖြစ်သည်။ ထရိုင်လိုဘိုက် အားလုံးသည် သမုဒ္ဒရာများတွင် နေထိုင်ခဲ့ကြသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၂ သန်းခန့်က (ပါမီးယန်း – ထရိုင်အတ့်စစ်) မျိုးသုဉ်းမှု ဖြစ်ရပ်တွင် ထရိုင်လိုဘိုက်များ ပျောက်ကွယ်သွားခဲ့သည်။ ထရိုင်လိုဘိုက်များသည် ဒိုင်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်းများပြီးနောက် ဒုတိယအကျော်ကြားဆုံး ကျောက်ဖြစ်ရုပ်ကြွင်း အမျိုးအစားလည်းဖြစ်သည်။
ဓာတ်ပုံများ
ကိုးကား