ဂျီဗရာအီလ် (အင်္ဂလိပ်: Gabriel; Jibrail ဟီဘရူး: גַּבְרִיאֵל, lit. 'Gavri'el "God is my strength"', ရှေးဟောင်းဂရိ: Ⲅαβριήλ, lit. 'Gabriel', Coptic: ⲅⲁⲃⲣⲓⲏⲗ) သည် ဘုရားသခင်၏ ဗျာဒိတ်များကို သယ်ဆောင်ပို့ချပေးသည့် ကောင်းကင်တမန်တော်အဖြစ် Abrahamism ဘာသာရေးတွင် ယုံကြည်ကြသည်။
ဂျူးဘာသာရေးကျမ်းစာများတွင် Gabriel သည် တမန်တော် Daniel အတွက် ပေါ်ထွန်းလာခဲ့သည်။ အီးနော့စာအုပ်ကဲ့သို့သော ရှေးဟောင်းဂျူးစာပေများတွင် Gabriel ကောင်းကင်တမန်တော်တစ်ဦး ဖြစ်သည်။
ခရစ်ယာန် ဓမ္မသစ်ကျမ်း၏ ရှင်လုကာခရစ်ဝင်တွင် Gabriel သည် ဇာခရိ နှင့် မယ်တော်မေရီတို့အတွက် ပေါ်ထွန်းလာပြီး ဂျွန်နှင့် ယေရှုတို့ မွေးဖွားမည့်အကြောင်း ဟောကိန်းထုတ်ခဲ့သည်။ အင်္ဂလိကန်၊ အရှေ့အော်သိုဒေါ့က်စ်နှင့် ရိုမန်ကတ်သလစ် အစရှိသော ခရစ်ယာန်ဂိုဏ်းများတွင် Gabriel ကို သူတော်စင်တစ်ဦးအဖြစ် ရည်ညွှန်းကြသည်။[၁][၂]
အစ္စလာမ်ဘာသာတွင် Gabriel သည် အလ္လာဟ်အရှင်မြတ် စေလွှတ်သော ကောင်းကင်တမန်တော်တစ်ဦး ဖြစ်သည်။[၃] ကုရ်အာန်ကျမ်းစာကို အလ္လာဟ်အရှင်က တမန်တော်မုဟမ္မဒ်ထံကို ကောင်းကင်တမန် ဂျီဗရာအီလ်ကနေတစ်ဆင့် ထုတ်ပြန်ပို့ချသည်ဟု ယုံကြည်ကြသည်။