ဆက်ရာဂျစ် ရေး | |
---|---|
ရေး ကို နယူးယောက်တွင် တွေ့ရစဉ် (၁၉၈၁) | |
မွေးဖွား | ကာလကတ္တားမြို့၊ ဘင်ဂေါ စီရင်စု၊ ဗြိတိသျှ အိန္ဒိယ | ၂ မေ၊ ၁၉၂၁
ကွယ်လွန် | ၂၃ ဧပြီ၊ ၁၉၉၂ ကာလကတ္တားမြို့၊ အနောက် ဘင်ဂေါ၊ အိန္ဒိယနိုင်ငံ | (အသက် ၇၀)
နိုင်ငံလူမျိုး | ဗြိတိသျှ အိန္ဒိယ (၁၉၂၁–၁၉၄၇) အိန္ဒိယ (၁၉၄၇–၁၉၉၂) |
မိခင်ကျောင်း | ကလကတ္တား တက္ကသိုလ် |
အလုပ်အကိုင် | ရုပ်ရှင်ဒါရိုက်တာ၊ ရုပ်ရှင်ထုတ်လုပ်သူ၊ ဇာတ်ညွှန်းရေးဆရာ၊ တေးရေးဆရာ၊ ဂီတဖန်တီးသူ၊ အကဆရာ၊ သရုပ်ဖော်ပုံဆွဲသူ၊ စာရေးဆရာ |
တက်ကြွလှုပ်ရှားနှစ်များ | ၁၉၅၀–၁၉၉၂ |
အရပ် | ၆ ပေ ၄ လက်မ (၁.၉၃ မီတာ) [၁] |
အိမ်ထောင်ဖက်(များ) | ဘီယိုရာ ရေး |
သားသမီး | ဆန်ဒစ် ရေး (သား) |
မိဘ(များ) | ဆုကူးမား ရေး (အဖေ) ဆူပရာဘာ ရေး (အမေ) |
ဆက်ရာဂျစ် ရေး (အင်္ဂလိပ်: Satyajit Ray; ဘင်္ဂါလီ: সত্যজিৎ রায়) သည် အိန္ဒိယနိုင်ငံသား ရုပ်ရှင်ဖန်တီးသူနှင့် စာရေးဆရာတစ်ဦးဖြစ်ပြီး နှစ်ဆယ်ရာစုအတွင်း အခမ်းနားဆုံးသော ရုပ်ရှင်ဒါရိုက်တာများအနက် တစ်ဦးအပါအဝင် ဖြစ်သည်။[၂][၃][၄] ရေးကို ကာလကတ္တားမြို့တော်ရှိ ဘင်ဂါလီ ဗြမ္မာ မိသားစုလေးတစ်ခုမှ မွေးဖွားခဲ့သည်။ စီးပွားရေးအနုပညာရှင်တစ်ယောက်အဖြစ် အသက်မွေးနေသော ရေးသည် ၁၉၄၈ ခုနှစ်တွင် လန်ဒန်သို့ အလည်ခရီးထွက်ခဲ့ရာမှ ပြင်သစ်ရုပ်ရှင်ဖန်တီးသူ ယန်း ရေနွား နှင့် တွေ့ဆုံခဲ့ပြီး ဗွီတိုရီယို ဒီ စီကာ၏ အီတာလျံ နီယို ရုပ်ရှင်ကားဖြစ်သော စက်ဘီး သူခိုးများ (၁၉၄၈) ကို ကြည့်ရှုမိသွားပြီးနောက် လွတ်လပ် ရုပ်ရှင်များ ဖန်တီးရန် စတင် စိတ်ဝင်စားလာခဲ့သည်။
ရေးသည် မှတ်တမ်းရုပ်ရှင်များ၊ သတင်းရုပ်ရှင်များအပါအဝင် ရုပ်ရှင်ကားပေါင်း ၃၆ ကားရိုက်ကူးခဲ့သည်။ သူသည် ဇာတ်ညွှန်းရေးဆရာ၊ တေးရေးဆရာ၊ ဂီတဖန်တီးသူ၊ အကဆရာ၊ သရုပ်ဖော်ပုံဆွဲသူ၊ စာရေးဆရာ နှင့် ရုပ်ရှင် ဝေဖန်ရေးဆရာတစ်ဦးလည်း ဖြစ်သည်။ ရေးအား အောက်စဖို့ဒ် တက္ကသိုလ်မှ ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြင့်ခဲ့သည်။
Commons မှ မီဒီယာများ | |
ဝီကီကိုးကားချက်မှ အဆိုအမိန့်များ | |
ဝီကီဒေတာမှ ဒေတာများ |