၂၀၁၇ ၌ တွေ့ရစဉ် | ||||||||||||||||||||||||
ကိုယ်ရေးအချက်အလက်များ | ||||||||||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
အမည် အပြည့်အစုံ | ဇီနဒင် ယာဇိဒ် ဇီဒန်း[၁] | |||||||||||||||||||||||
မွေးသက္ကရာဇ် | [၂] | ၂၃ ဇွန်၊ ၁၉၇၂|||||||||||||||||||||||
မွေးရပ်ဇာတိ | မာဆေးမြို့၊ ပြင်သစ်နိုင်ငံ | |||||||||||||||||||||||
အရပ်အမြင့် | ၁.၈၅ m[၃] | |||||||||||||||||||||||
ကစားသည့်နေရာ | အလယ်တန်းတိုက်စစ်မှု | |||||||||||||||||||||||
ကလပ်နှင့်သက်ဆိုင်သောအချက်အလက်များ | ||||||||||||||||||||||||
လက်ရှိအသင်း | ရေအား မဿရစ်ဿ် (ရီးရဲ မက်ဒရစ်) (မန်နေဂျာ) | |||||||||||||||||||||||
လူငယ်ဘဝကလပ်များ | ||||||||||||||||||||||||
၁၉၈၁–၁၉၈၂ | AS Foresta | |||||||||||||||||||||||
၁၉၈၂–၁၉၈၃ | US Saint-Henri | |||||||||||||||||||||||
၁၉၈၃–၁၉၈၆ | SO Septèmes-les-Vallons | |||||||||||||||||||||||
၁၉၈၆–၁၉၈၉ | AS Cannes | |||||||||||||||||||||||
အကြီးတန်း ကစားသမား* | ||||||||||||||||||||||||
ခုနှစ် | အသင်း | ကစားပွဲ† | (သွင်းဂိုး)† | |||||||||||||||||||||
၁၉၈၉–၁၉၉၂ | AS Cannes | ၆၁ | (၆) | |||||||||||||||||||||
၁၉၉၂–၁၉၉၆ | FC Girondins de Bordeaux | ၁၃၉ | (၂၈) | |||||||||||||||||||||
၁၉၉၆–၂၀၀၁ | Juventus F.C. | ၁၅၁ | (၂၄) | |||||||||||||||||||||
၂၀၀၁–၂၀၀၆ | Real Madrid CF | ၁၅၅ | (၃၇) | |||||||||||||||||||||
စုစုပေါင်း | ၅၀၆ | (၉၅) | ||||||||||||||||||||||
နိုင်ငံကိုယ်စားပြုအသင်း | ||||||||||||||||||||||||
၁၉၈၈–၁၉၈၉ | ပြင်သစ် ယူ(၁၇) | ၄ | (၁) | |||||||||||||||||||||
၁၉၈၉–၁၉၉၀ | ပြင်သစ် ယူ(၁၈) | ၆ | (၀) | |||||||||||||||||||||
၁၉၉၀–၁၉၉၄ | ပြင်သစ် ယူ(၂၁) | ၂၀ | (၃) | |||||||||||||||||||||
၁၉၉၄–၂၀၀၆ | ပြင်သစ် အမျိုးသား ဘောလုံးအသင်း | ၁၀၈ | (၃၁) | |||||||||||||||||||||
အုပ်ချုပ်ခဲ့သော အသင်းများ | ||||||||||||||||||||||||
၂၀၁၄–၂၀၁၅ | Real Madrid Castilla | |||||||||||||||||||||||
၂၀၁၆–၂၀၁၈ | Real Madrid CF | |||||||||||||||||||||||
၂၀၁၉– | Real Madrid CF | |||||||||||||||||||||||
Honours
| ||||||||||||||||||||||||
* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့် |
ဇီနဒင် ယာဇိဒ် ဇီဒန်း (ပြင်သစ်: Zinédine Yazid Zidane)(၁၉၇၂ ဇွန် ၂၃ မွေးဖွား) သည် ပြင်သစ်နိုင်ငံသား ဘောလုံးသမားဟောင်းတစ်ဦးဖြစ်ကာ 'ဇီဇူး (ဇီဇွတ်)' ဟု လူသိများခေါ်ဝေါ်ကြသည်။ အလယ်တန်းတိုက်စစ်မှူးအဖြစ်ကစားခဲ့ကာ လက်ရှိတွင် လာ လီဂါ ကလပ် ရေအား မဿရစ်ဿ် (ရီးရဲ မက်ဒရစ်) တွင် နည်းပြလျက် ရှိပြီး ကမ္ဘာ့ဘောလုံးမန်နေဂျာများထဲက အအောင်မြင်ဆုံးတစ်ယောက်ဟုလည်း သတ်မှတ်ထားသည်။[၄][၅][၆][၇] ထို့အပြင် သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ကစားသမားတစ်ဦးအဖြစ်လည်း သတ်မှတ်ကြကာ[၈][၉][၁၀] ဇီဒန်းသည် ထိပ်တန်းအရည်အသွေးရှိသော အခရာကစားသမားဖြစ်၍ ၎င်း၏ ဘောလုံး နည်းစနစ်၊ အထိန်းအသိမ်း၊ ပေးပို့ခြင်း၊ အမြင်၊ တိကျမှုတို့ကြောင့် ကျော်ကြားထင်ရှားသည်။[၁၁][၁၂] ၁၉၉၈၊ ၂၀၀၀ နှင့် ၂၀၀၃ တို့တွင် ဖီဖာ၏ အကောင်းဆုံးကစားသမား၊ ၁၉၉၈ 'ဘောလောန် ဒေါရ်' (ရွှေဘောလုံးဆု) အပါအဝင် မြောက်မြားစွာသောသူများ၏ ဂုဏ်ပြုချီးမြှောက်ခြင်း ခံရသူတစ်ဦးလည်း ဖြစ်သည်။
အေအက်စ် ကဲန် ကလပ် (AS Cannes) တွင် ဘောလုံးသမားဘဝအဖြစ်စတင်ခဲ့၍ ပြင်သစ်ပထမတန်း ဘောရ်ဒိုး (Bordeaux) ကလပ် တွင် ကစားခဲ့သည်။ ၁၉၉၆ ၌ ယူဗန်းတပ်စ် (ဂျူဗင်တပ်) သို့ပြောင်းရွှေ့ခဲ့ပြီး ထို၌ စီးရီးအေဖလားနှစ်ခုကို ရရှိခဲ့သည်။ ထို့နောက် ရေအား မဿရစ်ဿ် (ရီးရဲ မဒရစ်) ကို စံချိန်တင်ဈေး (€77.5 million) ဖြင့် ၂၀၀၁၌ ပြောင်းရွှေ့ခဲ့သည်။ ထိုစံချိန်တင်ဈေးမှာ ရှစ်နှစ်ကြသည်အထိ မည်သည့်ပြောင်းရွှေ့ဈေးမှ မကျော်နိုင်ခဲ့ပေ။ စပိန်တွင် ဆုဖလားအချို့ရခဲ့သည်။ ထိုဆုများ၌ လာလီဂါဆုနှင့် ဥရောပချန်ပီယံလိဂ်ဆုဖလားတို့ပါဝင်သည်။ ၂၀၀၂ ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ပြိုင်ပွဲသမိုင်းတစ်လျှောက်၌ အကောင်းဆုံး ဂိုးတစ်ဂိုးအဖြစ် သတ်မှတ်ခြင်းခံရသော ဘယ်ခြေဖြင့် မြေမကျ အနိုင်ဂိုးကန်သွင်းခဲ့သည်။[၁၃]
နိုင်ငံကိုယ်စားပြု အကြိမ် (၁၀၈) ကြိမ်ကစားခဲ့ပြီး ၁၉၉၈-ပြင်သစ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွင် နှစ်ဂိုးသွင်းယူခဲ့ပြီး ကမ္ဘာ့ဖလားဆုကို ရရှိခဲ့သည်။ အောလ်-စတား အသင်းတွင် ရွေးချယ်ခြင်းခံရသည်။ ဤအောင်မြင်မှုသည် ဇီဒန်းကို နိုင်ငံသူရဲကောင်းဖြစ်စေခဲ့ပြီး အကျိုးပြုသင်္ဂဟဆု (Légion d'honneur) ဖြင့် ၁၉၉၈ တွင် သူကောင်းပြုခြင်း ခံရသည်။ ၂၀၀၀-ဥရောပဖလားကိုလည်းရရှိ၍ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။ ၂၀၀၆-ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွင် အီတလီကစားသမား မာကို မာတာရာဇီကို ရင်ဘတ်၌ ခေါင်းစောင့်တိုက်သော ဖြစ်ရပ်ကြောင့် အထုတ်ခံခဲ့ရသော်လည်း ဖီဖာရွှေဘောလုံးဆုရရှိခဲ့သည်။ ပြင်သစ်ဘောလုံးသမိုင်းတွင် စတုတ္ထမြောက် ပွဲအရေအတွက် ကစားသူအနေဖြင့် အနားယူခဲ့လေသည်။
၂၀၀၄ တွင် ၎င်းကို ပီလီရွေးချယ်သော သက်ရှိထင်ရှား 'ဖီဖာ၁၀၀' တွင် ရွေးချယ်ခဲ့ကာ ထိုနှစ်တွင်ပင် ဥရောပ ရွှေရတုမဲကောက်ခံမှု၌ နှစ်(၅၀) အတွင်း ဥရောပ၏ အကောင်းဆုံး ဘောလုံးသမား အဖြစ် ရွေးချယ်ခြင်း ခံရပြန်သည်။[၁၄] ဇီဒန်းသည် ဖီဖာကမ္ဘာ့ဖလား၊ ဥရောပချန်ပီယံလိဂ်ဖလား၊ ဘောလောန် ဒေါရ် (ရွှေဘောလုံးဆု) ရရှိဖူးသော ကစားသမားရှစ်ဦးထဲမှ တစ်ဦးဖြစ်သည်။[၁၅] ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် ကြိုးပမ်းသော ကာတာနိုင်ငံ၏ သံတမန်လည်းဖြစ်ကာ ထိုကြိုးပမ်းမှုသည် အောင်မြင်ခဲ့ပြီး ကာတာသည် လက်ခံကျင်းပရန် အခွင့်အရေးရရှိသည့် ပထမဆုံး အာရပ်နိုင်ငံလည်းဖြစ်သည်။[၁၆]
ကစားသမားဘဝမှ အနားယူပြီးသည့်နောက် ဇီဒန်းသည် နည်းပြဘဝသို့ ကူးပြောင်းခဲ့ကာ ရေအား မဿရစ်ဿ် (ရီးရဲ) ၏ အရံအသင်း 'ရေအား မဿရစ်ဿ် ကာ့စတီလာ' တွင် ဦးဆောင်းနည်းပြခဲ့သည်။[၁၇] နှစ်နှစ်ကြာ ထိုအသင်း၌ တာဝန်ယူခဲ့ပြီး အသင်းကြီးသို့ ၂၀၁၆ ဇန်နဝါရီတွင် ပြောင်းရွှေ့ခဲ့သည်။[၁၈] အသင်းကြီးနှင့် ပထမနှစ်နှစ်ခွဲတာ ကာလအတွင်း ဥရောပချန်ပီယံလိဂ် သုံးနှစ်ဆက်တိုက်ရယူနိုင်သော ပထမဆုံးနည်းပြဖြစ်သလို ယူအီးအက်ဖ်အေ စူပါဖလား၊ ဖီဖာကလပ်ကမ္ဘာ့ဖလား နှစ်ကြိမ်စီ၊ လာလီဂါဖလားတစ်ကြိမ်၊ စူပါကိုပါ ဒီ အက်စပဲန်ညာ (Supercopa de España) တစ်ကြိမ် စသဖြင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။[၁၉] ဤအောင်မြင်မှုများသည် ဇီဒန်းအဖို့ ၂၀၁၇၌ အကောင်းဆုံး ဖီဖာအမျိုးသား နည်းပြ အဖြစ်ရွေးချယ်ခံရစေသည်။[၂၀] သို့သော် ၂၀၁၈ မေလ၌ နုတ်ထွက်ခဲ့၏။[၂၁][၂၂] ၎င်းထွက်ခွာပြီး အသင်း၏ ဆိုးရွားသော ရလဒ်များကြောင့် ၂၀၁၉ ၌ အသင်းသို့ တဖန်ပြန်လာခဲ့ကာ[၂၃] လာလီဂါဖလားတစ်ကြိမ်၊ စူပါကိုပါ ဒီ အက်စပဲန်ညာဖလားတစ်ကြိမ် ရရှိစေခဲ့သည်။[၂၄]
ဤ အတ္ထုပ္ပတ္တိ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |