A screenshot of the TikTok app, as seen in the United States. | |
ဆော့ဖ်ဝဲလ်ရေးသူ(များ) | ဘိုက်ဒန်းစ် |
---|---|
ပထမဆုံး ဖြန့်ချိခြင်း | စက်တင်ဘာ ၂၀၁၆ |
တည်ငြိမ်သောထုတ်ပြန်မှု | 13.0.3
/ 8 September 2019 |
ကွန်ပျူတာ စက်လည်ပတ်ရေး စနစ် | iOS, Android |
ဆိုဒ် | 308.3 MB (iOS)[၁]
80.19 MB (Android)[၂] |
ရရှိနိုင်သော ဘာသာစကား | 33 languages[၃] |
List of languages Arabic, Bengali, Burmese, Cebuano, English, French, German, Greek, Gujarati, Hindi, Indonesian, Italian, Japanese, Javanese, Kannada, Korean, Malay, Malayalam, Marathi, Oriya, Polish, Portuguese, Punjabi, Russian, Simplified Chinese, Spanish, Swedish, Tagalog, Tamil, Telugu, Thai, Traditional Chinese, Turkish, Ukrainian, Vietnamese | |
ဆော့ဖ်ဝဲလ် အမျိုးအစား | Video sharing |
လိုင်စင် | Freeware |
ဝက်ဘ်ဆိုဒ် | tiktok.com (English) douyin.com (Chinese) |
Douyin (TikTok) | |||||||||
တရုတ် | 抖音 | ||||||||
---|---|---|---|---|---|---|---|---|---|
ဆိုလိုရင်း | "vibrating sound" | ||||||||
|
တစ်တော့ (TikTok) သည် iOS နှင့် အန်းဒရွိုက်တို့တွင် အသုံးပြုနိုင်သည့် ဗီဒီယိုအတိုများ၊ ဟာသများ စသည်တို့ကို ဝေမျှဖန်တီးနိုင်သည့် လူမှုမီဒီယာဗီဒီယိုဆော့ဝဲတစ်ခု ဖြစ်သည်။ ထိုဆော့ဝဲကို ၂၀၁၇ ခုနှစ်တွင် ဘိုက်ဒန်းစ် မှ တရုတ်နိုင်ငံပြင်ပ ဈေးကွက်တွင် ဖြန့်ဝေခဲ့သည်။ ဘိုက်ဒန်းစ် သည် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလတွင် တရုတ်နိုင်ငံဈေးကွက်တွင် Douyin (တရုတ်ဘာသာဖြင့်抖音) ကို ဖြန့်ဝေခဲ့သည်။ တစ်တော့နှင့် Douyin သည် အတူတူပင် ဖြစ်သည်။ သို့သော်လည်း ၎င်းနှစ်ခုသည် မတူညီသည့် ဆာဗာများပေါ်တွင် အလုပ်လုပ်ဆောင်ကြသည်။ အဘယ်ကြောင့်ဆိုသော် တရုတ်နိုင်ငံ၏ ဆင်ဆာကန့်သတ်ချက်များကို လိုက်နာဆောင်ရွက်ရန်အတွက် ဖြစ်သည်။ ဤအပ်ပလီကေးရှင်းသည် အသုံးပြုသူများအား သုံးစက္ကန့်မှ ငါးစက္ကန့်အထိ ကြာမြင့်သည် ဗီဒီယိုအတိုများ ပြုလုပ်နိုင်ခြင်း၊ သုံးစက္ကန့်မှ ၆၀ စက္ကန့်အထိ ကြာမြင့်သည့် short looping ဗီဒီယိုများ ပြုလုပ်ခြင်း စသည်တို့ကို ဆောင်ရွက်နိုင်သည်။ တစ်တော့သည် အာရှ၊ အမေရိကန်နှင့် ကမ္ဘာ့အခြားနေရာများတွင် လူသိများ ထင်ရှားသည်။[၄] တစ်တော့ကို တရုတ်နိုင်ငံတွင် အသုံးပြု၍ မရပေ။ တစ်တော့၏ ဆာဗာသည် တစ်တော့အသုံးပြု၍ ရသည့်နိုင်ငံများတွင် တည်ရှိသည်။[၅][၆][၇]
၂၀၁၈ ခုနှစ်တွင် တစ်တော့သည် အမေရိကန်နိုင်ငံ၌ အောက်တိုဘာလတွင် ဒေါင်းလုပ်ပြလုပ်မှုအများဆုံ: အပ် (app) တစ်ခု ဖြစ်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် ၎င်းသည် ဈေးကွက် ၁၅၀ ခုတွင် ရရှိနိုင်ပြီး ဘာသာစကား ၇၅ မျိုးကိုလည်း အထောက်အပံ့ပေးထားသည်။[၈][၉] ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် တရုတ်နိုင်ငံရှိ အန်းဒရွိုက်အသုံးပြုသူများ မပါဝင်ဘဲ တစ်ကမ္ဘာလုံးအတိုင်းအတာအနေဖြင့် တစ်တော့သည် Douyin နှင့်အတူ ကမ္ဘာပေါ်တွင် ဒေါင်းလုတ်ပြုလုပ်မှုသည် တစ်ဘီလီယံသို့ ရောက်ရှိခဲ့သည်။[၁၀]
Douyin ကို ဘိုက်ဒန်းစ် သည် တရုတ်နိုင်ငံ၌ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလတွင် ထုတ်ဝေခဲ့သည်။ Douyin သည် ရက် ၂၀၀ ဖြင့် ထုတ်ထုပ်ခဲ့ပြီး တစ်နှစ်အတွင်း အသုံးပြုသူသည် ၁၀၀ မီလီယံသို့ ရောက်ရှိခဲ့သည်။ ထို့အပြင် နေ့စဉ်ကြည့်ရှုသူအရေအတွက်သည် တစ်ဘီလီယံကျော်ပင် ရှိသည်။ တစ်တော့ကို နိုင်ငံတကာဈေးကွက်သို့ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလတွင် စတင်ဖြန့်ဝေခဲ့သည်။ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ထိုင်းနိုင်ငံနှင့် အခြားနိုင်ငံများတို့တွင် မိုင်ဘိုင်းအပ်များ ဒေါင်းလုပ်ပြုလုပ်မှုတွင် နံပါတစ်ချိတ်ခဲ့သည်။ တစ်တော့ကို ဒေါင်းလုပ်ပြုလုပ်မှုသည် အမေရိကန်နိုင်ငံတွင် ၈၀ မီလီယံရှိပြီး တစ်ကမ္ဘာလုံးတွင် ၈၀၀ မီလီယံ ရှိခဲ့သည်။ ဤအချက်အလက်သည် တရုတ်နိုင်ငံရှိ အန်းဒရွိုက်အသုံးပြုသူများ မပါဝင်သည့်အချက်အလက်ဖြစ်ပြီး mobile research firm Sensor T ower မှ ပြုလုပ်ထားသည့် အချက်အလက် ဖြစ်သည်။ Jimmy Fallonand Tony Hawkhave အပါအဝင် လူသိများထင်ရှာသူများ (ဆယ်လီများ) သည် ၂၀၁၈ ခုနှစ်၊ နိုင်ဝင်ဘာလတွင် တစ်တော့ကို အသုံးပြုချိတ်ဆက်ခဲ့ကြသည်။ ၂၀၁၉ ခုနှစ်၊ စက်တင်လာလ ၃ ရက်နေ့တွင် တစ်တော့နှင့် NFL သည် ကာလရှည်မိတ်ဖက်အဖြစ် ကြေညာခဲ့သည်။ မိတ်ဖက်ဖြစ်မှုတွင် တရားဝင် NFL အကောင့်တစ်ခုကို စတင်ပါက တစ်ကမ္ဘာလုံးရှိ ဝါသနာတူသူများဆီသို့ NFL အကြောင်းအရာများကို ဆောင်ကြည်းပေးမည် ဖြစ်သည်။[၁၁][၁၂][၁၃][၁၄][၁၅][၁၆][၁၇][၁၈][၁၉]
၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့တွင် တစ်တော့၏ မိခင်ကုမ္ပဏီဖြစ်သည့် ဘိုက်ဒန်းစ် သည် musical.ly ကို ဝယ်ယူရန်အတွက် ဒေါ်လာ တစ်ဘီလီယံ သုံးစွဲခဲ့သည်။ musical.ly သည် ရှန်ဟိုင်းတွင် အခြေစိုက်ပြီး ကယ်လီဖိုးနီးယား၊ ဆန်တာမိုနီကာတွင်လည်း ရုံတစ်ခုတည်ရှိသည့် စွန့်ဦးတီထွင်သည့် လူသိများထင်ရှားသော လူမှုမီဒီယာပလက်ဖောင်းတစ်ခု ဖြစ်သည်။ ၎င်းသည် အမေရိကန်နိုင်ငံရှိ ဆယ်ကျော်သက်ဈေးကွက်ကို ဦးတည်ထားသည်။ [၂၀][၂၁]
၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၂ ရက်နေ့တွင် တစ်တော့သည် musical.ly နှင့်တူ အမေရိကန်နိုင်ငံရှိ လူငယ်ထုအကြား ဒီဂျစ်တယ်ပလက်ဖောင်းကို ပိုမိုမြှင့်တင်နိုင်ရန်အလို့ငှာ ပိုမိုကြီးမားသည့် ဗီဒီယိုအဆက်အသွယ်တစ်ကို ဖန်တီးရန် ပူးပေါင်းခဲ့သည်။ musical.ly သည် လူမှုမီဒီယာဗီဒီယိုပလက်ဖောင်းတစ်ခု ဖြစ်ပြီး အသုံးပြုသူများကို ဟာသဗီဒီယိုများ ဖန်တီးနိုင်ရန် ခွင့်ပြုထားသည်။ ၎င်းကို ၂၀၁၄ ခုနှစ်၊ ဩဂုတ်လတွင် တရားဝင်ထုတ်ဝေခဲ့သည်။[၂၁][၂၂][၂၃]
၂၀၁၈ ခုနှစ်တွင် တစ်တော့သည် ဈေးကွက် ၁၅၀ ကျော်တွင် ရရှိနေပြီ ဖြစ်သည်။ ဘာသာစကား ၇၅ ခုကိုလည်း အထောက်အပံ့ပေးထားသည်။[၂၄][၂၅] CNBC by Sensor Tower မှ အချက်အလက်များအရ တစ်တော့ကို အက်ပဲအပ်စတိုးမှ ဒေါင်းလုတ်ပြုလုပ်သည့်အရေအတွက်သည် ၂၀၁၈ ပထမနှစ်ဝက်ပြည့်သည့်အချိန်တွင် ၁၀၄ မီလီယံ ရှိခဲ့သည်။ ၎င်းသည် ဖေ့ဘွတ်၊ ယူကျုနှင့် အင်စတာဂရမ် စသည်တို့ကို ကျော်လွန်သွားကာ ထိုအချိန်တွင် ကမ္ဘာ့ဒေါင်းလုပ်ပြုလုပ်မှု အများဆုံး iOS အပ် ဖြစ်လာခဲ့သည်။[၂၆][၂၇]
တစ်တော့၏ သီးခြားအပ်တစ်ခုဖြစ်သည့် Douyinကို Developer ဝဘ်ဆိုက်များတွင် ရနိုင်သည်။ Douyin ကို ၂၀၁၆ ခုနှစ်၊ စတင်ဘာလ စတင်ဖြန့်ဝေကတည်းက တစ်တော့ကဲ့သို့ တူညီသည့် အပ်တစ်ခု အနေဖြင့် ထိန်းသိမ်းမွမ်းမံမှုများ ပြုလုပ်သည်။ Douyin ကို စိတ်ဝင်စားမှုများ ရှိလာစေရန်အတွက် တရုတ်နိုင်ငံရှိ ထင်ရှားသူ (ဆယ်လီ) များကို ငှားရမ်းကာ ကြော်ငြာမှုများ ပြုလုပ်ခဲ့သည်။[၂၈] ဥပမာအနေဖြင့် ၂၀၁၈ ခုနှစ် Spring Festival Gala တွင် ပြုလုပ်ခဲ့သည့် ကြော်ငြာလှုံ့ဆော်မှုတစ်ခုတည်းကြောင့်ပင် အသက်ဝင်အသုံးပြုလျက်ရှိသည့် အသုံးပြုသူသည် နေ့စဉ် ၇၀ မီလီယံအထိ ရှိလာခဲ့သည်။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် Douyin သည် Modern Skyto monetize music နှင့်အတူ မိတ်ဖတ်အဖြစ် ထုတ်ဖော်ပြောကြားခဲ့သည်။[၂၉][၃၀]
တစ်တော့မိုဘိုင်းအပ်သည် အသုံးပြုသူများအား မိမိကိုယ်တိုင် ဗီဒီယိုအတိုများ ပြုလုပ်နိုင်အောင် ဆောက်ရွက်ထားသည်။ ထိုဗီဒီယိုတွင် နောက်ခံတေးဂီတ ထည့်သွင်းခြင်း၊ ဗီဒီယိုကို အနှေးအမြန်ပြုလုပ်ခြင်းနှင့် အခြား filter တစ်ခုကို အသုံးပြုကာ တည်းဖြတ်နိုင်အောင် ဆောင်ရွက်ပေးထားသည်။[၃၁] ဗီဒီယို ပြုလုပ်ရာတွင် အသုံးပြုသူသည် music genres များရှိ များပြားလှသည့် ဂီတများဖြင့် နောက်ခံတေး ထည့်သွင်းခြင်း၊ filter ကို အသုံးပြုကာ တည်းဖြတ်ခြင်း၊ ဗီဒီယို၏ အလျင် (speed) ကို ချိန်၍ အနှေးအမြန် ပြလုပ်ချိန်ညှိခြင်း စသည်တို့ကို အပ်လုပ် (upload) မပြုလုပ်မီ ပြုလုပ်နိုင်သည်။ ထို့ပြင် ထိုဗီဒီယိုကို တစ်တော့နှင့် အခြားသော လူမှုပလက်ဖောင်းများသို့လည်း မျှဝေနိုင်သည်။[၃၂][၃၃][၃၄]
တစ်တော့သည် အသုံးပြုသူများ၏ တုံ့ပြန်မှုများ၊ နှစ်သက်မှုများကို သိရှိနိုင်ရန်အတွက် ဉာဏ်ရည်တု (Artificial Intelligence) ကို အသုံးပြုထားသည်။[၃၅][၃၆]
တစ်တော့ကို အက်ပဲအပ်စတိုးမှ ဒေါင်းလုပ်ပြုလုပ်သည့်အရေအတွက်သည် ၂၀၁၈ ခုနှစ် ပထမနှစ်ဝက်တွင်ပင် ကမ္ဘာ့ဒေါင်းလုပ်ပြုမှုအများဆုံး ဖြစ်ခဲ့သည်။ ခန့်မှန်းခြေအားဖြင့် ဒေါင်းလုပ်ပြုလုပ်မှုသည် ၁၀၄ မီလီယမ်ကြိမ် ရှိသည်။ ထိုအရေအတွက်မှာ PUBG Mobile, ယူကျု၊ Whatsapp နှင့် အင်စတာဂရမ်တို့ကို တစ်ချိန်တည်းတွင် ကျော်ဖြတ်သွားသည့် အရေအတွက် ဖြစ်ခဲ့သည်။ လေ့လာမှုများတွင် တရုတ်နိုင်ငံ၌ တစ်နှစ်အတွင်း ဗီဒီယိုအတိုပေါင်း ၉၄.၇၉ သန်း တိုးတက်များပြားလာခဲ့သည်ဟု ပြသထားသည်။ တစ်တော့အပ်သည့် ကမ္ဘာတစ်ဝန်းရှိ လူသိများသူများ (ဆယ်လီများ) အကြားတွင် ၎င်း၏ ထင်ရှားမှု၊ လူမှုရေးလွှမ်းမိုးနိုင်မှု စသည်တို့အတွက် ထင်ရှားလာခဲ့သည်။ အနောက်နိုင်ငံများတွင် လူသိအများဆုံး virtua TikTok သို့မဟုတ် meme မှာ “hit or miss” ဖြစ်သည်။ ၎င်းကို တစ်တော့ဗီဒီယိုလေးသန်းကျော်တွင် အသုံးပြုထားကြသည်။[၃၇][၃၈][၃၉][၄၀][၄၁][၄၂][၄၃][၄၄][၄၄]
အခြားသော ပလက်ဖောင်းများကဲ့သို့ပင် နိုင်ငံများစွာရှိ ဂျာနယ်လစ်များသည် အပ်နှင့်ပတ်သက်၍ သီးသန့်တည်ရှိမှုနှင့် ပတ်သက်ပြီး စိုးရိမ်မှုမြင့်တက်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ကလေးများတွင် အလွန်ရေပန်းစားလျက် ရှိသည်။ ထို့ပြင် ဖော်ပြလှစ်ပြမှုများသည် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုများ ဖြစ်လာနိုင်သည့် အတွက် ဖြစ်သည်။[၄၅] [၄၅][၄၆][၄၇][၄၈]
များစွာသော အသုံးပြုသူများသည် လူမျိုးရေးအနိုင်ကျင့်အလွဲသုံးစားပြုလုပ်မှုများကို တစ်တော့ထံသို့ တိုင်ကြားမှုများ ပြုလုပ်ခဲ့ကြသည်။
အချို့သော အသုံးပြုသူများတွင် တစ်တော့အား သုံးစွဲမှုရပ်တန့်ရန် ခက်ခဲမှုပြဿနာများရှိနေသည်ကို တွေ့နိုင်သည်။ ၂၀၁၈ ခုနှစ်တွင် Douyin တွင် စွဲလမ်းမှုကို လျှော့ချပေးသည် လုပ်ဆောင်မှု (addiction – reduction feature) ကို ထည့်သွင်းပေးခဲ့သည်။ ထိုလုပ်ဆောင်မှုသည် အသုံးပြုသူအား မိနစ်ကိုးဆယ်တိုင်းတွင် တစ်ကြိမ်အနားယူရန် တိုက်တွန်းထားသည်။ ၂၀၁၈ ခုနှစ်နောက်ပိုင်းတွင် ထိုလုပ်ဆောင်ချက်ကို တစ်တော့အပ်တွင်လည်း ထည့်သွင်းပေးခဲ့သည်။[၄၉][၅၀][၅၁][၅၂]
American think tank Peterson Institute for International Economics သည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလတွင် စုံစမ်းမှုတစ်ခု၌ အနောက်နိုင်ငံများ၏ လုံခြုံရေးကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် တစ်တော့ကို ဟွာဝေးကဲ့သို့ ပြဿနာတစ်ခုအဖြစ် ဖော်ပြခဲ့သည်။ အပ်ကို စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်များတွင် တွင်ကျယ်စွာ အသုံးပြုနေခြင်းနှင့် တည်နေရာများကို သိနိုင်ခြင်း၊ ရုပ်ပုံများနှင့် မြေမျက်နှာသွင်ပြင်အချက် စသည်တို့ကို မိခင်ကုမ္ပဏီသို့ ပေးပို့နိုင်ခြင်း စသည်တို့ ပါဝင်သည်။ သို့သော် တစ်တော့သည် တရုတ်အစိုးရထံ အချက်အလက်များကို ပေးပို့မျှဝေမည် မဟုတ်ကြောင်းကို ငြင်းဆိုထားသည်။ တစ်တော့၏ မိခင်ကုမ္ပဏီဖြစ်သည့် ဘိုက်ဒန်းစ် သည် “တစ်တော့သည် တရုတ်နိုင်ငံအတွင် မရရှိနိုင်ဘဲ ၎င်း၏ အချက်အလက်များကို တရုတ်နိုင်ငံပြင်ပတွင် သိမ်းဆည်းထားသည်” ဟု Bloomberg ကို ပြောကြားခဲ့သည်။[၅၃][၅၄][၅၅]
၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် တစ်တော့ကို အင်ဒိုနီးရှားနိုင်ငံအစိုးရသည် ကာမရာဂဖြစ်စေခြင်း၊ မသင့်လျော်သည့် အကြောင်းအရာများနှင့် ဆဲရေးတိုင်းထွာခြင်း စသည်တို့ဖြင့် ကြေညာစွပ်စွဲကာ ပိတ်ပင်ခဲ့သည်။ မကြာမီပင် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့တွင် ထိုပိတ်ပင်တားမြစ်မှုကို ဖယ်ရှားပေးခဲ့သည်။[၅၆][၅၇][၅၈][၅၉][၆၀][၅၇][၅၆]
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလတွင်ဘင်္ဂလားဒေ့ရှ်အစိုးရသည် တစ်တော့အပ်အား အင်တာနက်ရယူအသုံးပြုခွင့် ပိတ်ပင်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် Douyin ကို တရုတ်မီဒီယာစောင့်ကြည့်လေ့လာသည့်အဖွဲ့အစည်းက အပျိုဖော်အရွယ်ကိုယ်ဝန်ရှိခြင်းကဲ့သို့သော သရုပ်ဖော်ဗီဒီယိုများကဲ့သို့သော ခွင့်မပြုနိုင်သည့်အကြောင်းအရာများကို ပြသမှုအတွက် အပြစ်ပေးခဲ့သည်။[၆၁][၆၀]
၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် များစွာသော အိန္ဒိယနိုင်ငံရှိ နိုင်ငံရေးသမားများသည် တစ်တော့ကို တားမြစ်ရန် သို့မဟုတ် တင်းကြပ်စွာ ထိန်းသိမ်းရန် ပြောဆိုခဲ့သည်။ ဆိုက်ဘာအနိုင်ကျင့်ခံရမှု၊ လိမ်လည်ဟန်ဆောင်မှုနှင့် လိင်ပိုင်းဆိုင်ရာသရုပ်ဖော်အကြောင်းအရာတို့ ထွက်ပေါ်လာပြီးနောက်တွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။[၆၂][၆၃][၆၄]
အောက်ပါစာရင်းတွင် Douyin တွင် သတင်းရယူသူ အများဆုံးအကောင့် ၁၀ ခုကို ဖော်ပြထားသည်။ Douyin သည် တရုတ်နိုင်ငံတွင် အသုံးပြုသည့် တရုတ်ဗားရှင်းတစ်ခု ဖြစ်ပြီး တရတ်နိုင်ငံတွင် အများဆုံး အသုံးပြုကြသည်။
Rank | User | ID | Followers (millions) |
Country or region |
---|---|---|---|---|
1 | Dilraba Dilmurat (迪丽热巴) | @274110380 | 54.4 | တရုတ် |
2 | Chen He (陈赫) | @191433445 | 54.0 | China |
3 | Liu Erdou (会说话的刘二豆) | @erdou | 46.2 | China |
4 | Yi Chan (一禅小和尚) | @yichan6666 | 43.6 | China |
5 | Angelababy (杨颖) | @228.228 | 39.6 | ဟောင်ကောင် |
6 | Chen Xiang (陈翔六点半) | @cxldb001 | 36.2 | China |
7 | Modern Brothers (摩登兄弟) | @MD4528 | 35.6 | China |
8 | He Jiong (何炅) | @he.jiong | 34.8 | China |
9 | M Brother (M哥) | @185625797 | 33.3 | China |
10 | Feng Timo (冯提莫) | @Fengtimo1219 | 31.4 | China |
အင်ဒိုနီးရှားသည် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် တစ်တော့အပ်ကို ယာယီပိတ်ပင်ခဲ့သည်။ ကာမရာဂဖြစ်စေရန်ပြောဆိုမှုအတွက် တရားမဝင်သည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး ပိတ်ပင်တားမြစ်ခဲ့ခြင်း ဖြစ်သည်။ အပြုသဘောမဆောင်သည့် အကြောင်းအရာများ၊ အစိုးရနှင့်ဆက်ဆံရေးရုံး ဖွင့်လှစ်ပြီးနောက် အသက်ရွယ်ဆိုင်ရာ ပိတ်ပင်ကန့်သတ်တားမြစ်မှုများ ဆောင်ရွက်ခဲ့ပြီးသည့် တစ်ပတ်ကြာပြီးနောက်တွင် အပ်အား ပိတ်ပင်မှုကို ဖယ်ရှားခဲ့သည်။[၆၅]
၂၀၁၈ ခုနှစ်၊ ဧပြီလတွင် Douyin သည် Tencent ကို WeChat ပလက်ဖောင်းပေါ်တွင် မှားယွင်းပြီး ထိခိုက်နစ်နာစေသည့် အချက်အလက်များကို ဖြန့်ဝေသည်ဟု စွပ်စွဲကာ တရားစွဲဆိုခဲ့သည်။ ၂၀၁၈ ခုနှစ်၊ ဇွန်လတွင် Tencent သည် Toutiao နှင့် Douyin ကို ဘေဂျင်းတရားရုံးတွင် တရားစွဲဆိုခဲ့သည်။[၆၆][၆၇]
<ref>
tag; no text was provided for refs named :3