ထီးနန်းများရဲ့ ကစားပွဲ Game of Thrones | |
---|---|
အမျိုးအစား | |
ဖန်တီးသူ | |
အခြေခံထားသည်မှာ | George R. R. Martin ၏ A Song of Ice and Fire |
သရုပ်ဆောင် | စာရင်းအပြည့်အစုံကြည့်ရန် |
နောက်ခံဂီတ တေးရေး | Ramin Djawadi |
တေးရေးဆရာ(များ) | Ramin Djawadi |
နိုင်ငံ | အမေရိကန်ပြည်ထောင်စု |
ဘာသာစကား | အင်္ဂလိပ် |
အတွဲပေါင်း | ၈ |
အပိုင်းပေါင်း | ၇၃ (အပိုင်းများ စာရင်း) |
ထုတ်လုပ်မှု | |
အမှုဆောင် ထုတ်လုပ်သူ |
|
ထုတ်လုပ်သူ |
|
ရိုက်ကူးသည့် နေရာ | |
ပြသချိန် | ၅၀ – ၈၂ မိနစ် |
ထုတ်လုပ်သည့် ကုမ္ပဏီ |
|
ထုတ်လွှင့်မှု | |
မူရင်းရုပ်သံလိုင်း | HBO |
ရုပ်ပုံအမျိုးအစား | |
အသံထွက်အမျိုးအစား | |
မူလပြသမှု | ဧပြီ ၁၇၊ ၂၀၁၁ | – မေ ၁၉၊ ၂၀၁၉
ဇာတ်လမ်းတွဲစဉ် | |
ဆက်စပ်မှုများ |
ထီးနန်းများရဲ့ကစားပွဲ (အင်္ဂလိပ်: Game of Thrones) သည် HBO မှ ထုတ်လွှင့်ခဲ့သော အတွဲ (၈)တွဲ ပါသည့် အမေရိကန် စိတ်ကူးယဉ် ဒရာမာ ရုပ်/သံ ဇာတ်လမ်းတွဲ တစ်ခုဖြစ်သည်။ George R. R. Martin ၏ စိတ်ကူးယဉ် အခန်းဆက်ဝတ္ထုဖြစ်သည့် ရေခဲမီးလျံ တေးသီသံ (A Song of Ice and Fire) ဝတ္ထုတွဲ၏ ပထမတွဲဖြစ်သော ထီးနန်းများရဲ့ ကစားပွဲတစ်ခု (A Game of Thrones) ဝတ္ထု အပေါ် အခြေခံ၍ ရိုက်ကူးထားခြင်းဖြစ်သည်။ ဇာတ်ဝင်ခန်းများကို ယူနိုက်တက်ကင်းဒမ်း၊ ကနေဒါ၊ ခရိုအေးရှား၊ အိုက်စလန်၊ မော်လတာ၊ မော်ရိုကိုနှင့် စပိန်နိုင်ငံတိုတွင် ရိုက်ကူးခဲ့သည်။ အမေရိကန်ပြည်ထောင်စုတွင် HBO မှ ၂၀၁၁ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့တွင် စတင်ထုတ်လွှင့်ပြသခဲ့ပြီး အပိုင်း (၇၃)ပိုင်းဖြင့် အတွဲ (၈)တွဲ ပါဝင်ကာ ၂၀၁၉ ခုနှစ်၊ မေလ ၁၉ ရက်နေ့တွင် ပြီးဆုံးခဲ့သည်။
ထီးနန်းများရဲ့ ကစားပွဲ ဇာတ်လမ်းတွဲသည် ဝက်စ်တာရို့စ် (Westeros) နှင့် အက်ဆို့စ် (Essos) ဟူသော စိတ်ကူးယဉ် ကုန်းမြေ တိုက်ကြီးများတွင် ဇာတ်အိမ်တည်ထားသည်။ ဇာတ်ကောင်များစွာအတွက် သရုပ်ဆောင် အမြောက်အမြား ပါဝင်သရုပ်ဆောင်ထားပြီး ဇာတ်လမ်းတစ်လျှောက်လုံးတွင် ဇာတ်အိမ်များကို အသေးစိတ် လိုက်နာဆောင်ရွက်ထားသည်။ ပထမအဓိကဇာတ်အိမ်မှာ ဝက်စ်တာရို့စ် ခုနစ်နိုင်ငံ၏ သံပလ္လင်နှင့်ထီးနန်းကို ရယူထားသူထံမှ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေသည့် မြင့်မြတ်သော မိသားစု အိမ်တော်များအကြား နိုင်ငံရေးပဋိပက္ခများမှတစ်ဆင့် ထီးနန်းကို ရယူရန် ပြိုင်ဆိုင်မှုကို တင်ဆက်ထားသည်။ ဒုတိယဇာတ်အိမ်မှာ အက်ဆို့စ်သို့ ပြည်နှင်ဒဏ်ပေးထားသည့် ဖယ်ရှားခံခဲ့ရသော ယခင်အုပ်စိုးသူမင်းဆက်၏ နောက်ဆုံးမျိုးဆက်မှ ထီးနန်းပြန်လည်ရယူရန် ကြံစည်နေမှုကို တင်ဆက်ထားသည်။ တတိယဇာတ်အိမ်မှာ ဝက်စ်တာရို့စ် မြောက်ဘက်နယ်စပ်၏ ခြိမ်းခြောက်မှုများမှ နယ်မြေကို ကာကွယ်နေသော ညစောင့်အဖွဲ့၏ လုပ်ငန်းစဉ်များကို တင်ဆက်ထားသည်။
ထီးနန်းများရဲ့ ကစားပွဲ ဇာတ်လမ်းတွဲသည် HBO တွင် ကြည့်ရှုသူ အရေအတွက် စံချိန်တင် ဆွဲဆောင်ခဲ့ပြီး နိုင်ငံတကာ ပရိသတ်များ၏ အားပေးမှု များစွာရရှိခဲ့သည်။ အဖော်အချွတ်နှင့် အကြမ်းဖက်မှုများ (လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအပါအဝင်) ပါဝင်မှုအတွက် ဝေဖန်ခံခဲ့ရသော်လည်း ၎င်း၏သရုပ်ဆောင်မှု၊ ရှုပ်ထွေးသောဇာတ်ကောင်များ၊ ဇာတ်လမ်း၊ နယ်ပယ်နှင့် ထုတ်လုပ်ရေးတန်ဖိုးများအတွက် ဝေဖန်ရေးသမားများ၏ ချီးကျူးမှုကိုလည်းရရှိခဲ့ကြသည်။ နောက်ဆုံးဇာတ်လမ်းတွဲသည် ၎င်း၏ လျှော့ချထားသော ဇာတ်လမ်းကြာချိန်နှင့် ဖန်တီးမှုဆိုင်ရာ ဆုံးဖြတ်ချက်များအတွက် ပြင်းထန်သော တုံ့ပြန်မှုကို ရရှိခဲ့ပြီး လူအများက ၎င်းအား စိတ်ပျက်ဖွယ်နိဂုံးချုပ်သည်ဟု ယူဆခဲ့ကြသည်။ စီးရီးသည် ၂၀၁၅၊ ၂၀၁၆၊ ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်များအတွက် ဒရမ်မာစီးရီး ထူးချွန်ဆုများ အပါအဝင် ဒရာမာစီးရီးတစ်ခုတည်းမှ ထူးချွန်ဆုရရှိမှု အများဆုံးအဖြစ် Primetime Emmy Awards ထူးချွန်ဆု ၅၉ ဆု ရရှိခဲ့သည်။ ၎င်း၏ အခြားထူးချွန်ဆုများနှင့် လျာထားစာရင်းများတွင် အကောင်းဆုံးဒရမ်မာတင်ဆက်မှုအတွက် Hugo ဆု သုံးဆု၊ Peabody ဆု နှင့် အကောင်းဆုံးရုပ်မြင်သံကြား ဒရာမာ-ဇာတ်လမ်းတွဲဆိုင်ရာ ရွှေကမ္ဘာလုံးဆုအတွက် ဆန်ခါတင်စာရင်းဝင်ခဲ့သော ဆု ၅ ဆုတို့ ပါဝင်သည်။
၎င်း၏ နောက်မှထွက်ရှိခဲ့သော်လည်း ဇာတ်လမ်းအရ ၎င်းမတိုင်မီ အဖြစ်အပျက် ဇာတ်လမ်းအပေါ် ဇာတ်အိမ်တည်ထားသည့် နဂါးအိမ်တော် (အင်္ဂလိပ်: House of the Dragon) ဇာတ်လမ်းတွဲအား ၂၀၂၂ ခုနှစ်တွင် HBO မှပင် ထုတ်လွှင့်ပြသခဲ့သည်။
ထီးနန်းများရဲ့ ကစားပွဲ ဇာတ်လမ်းတွဲသည် George R. R. Martin ၏ ရေခဲ မီးလျှံ တေးသီသံ (A Song of Ice and Fire) အခန်းဆက်ဝတ္ထု၏ ဇာတ်လမ်းဇာတ်ကြောင်းများအပေါ် အကြမ်းဖျင်းအခြေခံထားပြီး၊ စိတ်ကူးယဉ် ကုန်းမြေတိုက်ကြီးများဖြစ်သည့် ဝက်စ်တာရို့စ် (Westeros) နှင့် အက်ဆို့စ် (Essos) တို့ပေါ်တွင် တည်ရှိသော ခုနှစ်ပြည်ထောင်တွင် ဇာတ်အိမ်တည် ရိုက်ကူးထားသည်။[၅][၆] ဇာတ်လမ်းသည် တပြိုင်နက်ဖြစ်ပျက်နေသော ဇာတ်လမ်းအခွဲ အခြေအနေ တစ်ခုချင်းစီဖြင့် တင်ဆက်ထားသည်။[၇] ပထမ ဇာတ်လမ်းသည် ခုနှစ်ပြည်ထောင်ကို အုပ်စိုးသည့် သံပလ္လင်ကို ထိန်းချုပ်ရန်အတွက် အပြိုင်အဆိုင်တောင်းဆိုသူများအကြား ထီးနန်းဆက်ခံရေး စစ်ပွဲကို နောက်ခံထားပြီး အခြား မြင့်မြတ်သော မိသားစု အိမ်တော်များမှ အတူတကွ ထီးနန်းမှ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသည်။ ဒုတိယဇာတ်လမ်းမှာ ထီးနန်းကို ပြန်လည်ရယူရန် ကြိုးပမ်းနေသည့် နန်းချခံခဲ့ရပြီး ပြည်နှင်ဒဏ်ပေးခံထားရသော ယခင် နန်းဆက်၏ နောက်ဆုံးမျိုးဆက်မှ လုပ်ဆောင်ချက်များနှင့် သက်ဆိုင်သည်။ တတိယဇာတ်လမ်းသည် ဆောင်းတွင်း ဒဏ္ဍာရီလာ သတ္တဝါများ၏ ခြိမ်းခြောက်မှုများနှင့် မြောက်ပိုင်းရှိ လူရိုင်းမျိုးနွယ်နှင့်ဖြစ်ပွါးနေသော ပဋိပက္ခများ ပါဝင်သည်။[၈]
အတွဲ | စီစဉ်မှု | ရိုက်ကူးမှု | ပထမဆုံးအပိုင်း ထုတ်လွှင့်မှု | နောက်ဆုံးအပိုင်း ထုတ်လွှင့်မှု | မှီငြမ်းထားသည့် ဝတ္ထု | ကိုးကား |
---|---|---|---|---|---|---|
အတွဲ ၁ | မတ် ၂၊ ၂၀၁၀ | ၂၀၁၀ ဒုတိယနှစ်ဝက် | ဧပြီ ၁၇၊ ၂၀၁၁ | ဇွန် ၁၉၊ ၂၀၁၁ | ထီးနန်းများရဲ့ ကစားပွဲ | [၉] |
အတွဲ ၂ | ဧပြီ ၁၉၊ ၂၀၁၁ | ၂၀၁၁ ဒုတိယနှစ်ဝက် | ဧပြီ ၁၊ ၂၀၁၂ | ဇွန် ၃၊ ၂၀၁၂ | ဘုရင်များရဲ့ ပဋိပက္ခ | [၁၀] |
အတွဲ ၃ | ဧပြီ ၁၀၊ ၂၀၁၂ | ဇူလိုင် – နိုဝင်ဘာ ၂၀၁၂ | မတ် ၃၁၊ ၂၀၁၃ | ဇွန် ၉၊ ၂၀၁၃ | ဓားများ၏ မုန်တိုင်း | [၁၁] |
အတွဲ ၄ | ဧပြီ ၂၊ ၂၀၁၃ | ဇူလိုင် – နိုဝင်ဘာ ၂၀၁၃ | ဧပြီ ၆၊ ၂၀၁၄ | ဇွန် ၁၅၊ ၂၀၁၄ | [၁၂] | |
အတွဲ ၅ | ဧပြီ ၈၊ ၂၀၁၄ | ဇူလိုင် – ဒီဇင်ဘာ ၂၀၁၄ | ဧပြီ ၁၂၊ ၂၀၁၅ | ဇွန် ၁၄၊ ၂၀၁၅ | ကျီးကန်းများအတွက် ပွဲတော်နေ့၊ နဂါးများနှင့် ကခုန်ခြင်း နှင့် မူရင်းဇာတ်အိမ် | [၁၃] |
အတွဲ ၆ | ဧပြီ ၈၊ ၂၀၁၄ | ဇူလိုင် – ဒီဇင်ဘာ ၂၀၁၅ | ဧပြီ ၂၄၊ ၂၀၁၆ | ဇွန် ၂၆၊ ၂၀၁၆ | ဆောင်းရာသီ၏ တိုက်ခတ်သော လေများ နှင့် မူရင်းဇာတ်အိမ် | [၁၄] |
အတွဲ ၇ | ဧပြီ ၂၁၊ ၂၀၁၆ | ၂၀၁၆ ဩဂုတ် – ၂၀၁၇ ဖေဖော်ဝါရီ | ဇူလိုင် ၁၆၊ ၂၀၁၇ | ဩဂုတ် ၂၇၊ ၂၀၁၇ | နွေဦးအိပ်မက် နှင့် မူရင်းဇာတ်အိမ် | [၁၅] |
အတွဲ ၈ | ဇူလိုင် ၃၀၊ ၂၀၁၆ | ၂၀၁၇ အောက်တိုဘာ – ၂၀၁၈ ဇူလိုင် | ဧပြီ ၁၄၊ ၂၀၁၉ | မေ ၁၉၊ ၂၀၁၉ | [၁၆] |
ဇာတ်လမ်းတွဲ၏ အပိုင်းနံပါတ် |
အတွဲ ၁ ၏ အပိုင်းနံပါတ် |
ဇာတ်လမ်းပိုင်း အမည် | မူရင်းထုတ်လွှင့်သည့် ရက်စွဲ[၁၇] |
---|---|---|---|
၁ | ၁ | "Winter Is Coming" | ၁၇ ဧပြီ ၂၀၁၁ |
၂ | ၂ | "The Kingsroad" | ၂၄ ဧပြီ ၂၀၁၁ |
၃ | ၃ | "Lord Snow" | ၁ မေ ၂၀၁၁ |
၄ | ၄ | "Cripples, Bastards, and Broken Things" | ၈ မေ ၂၀၁၁ |
၅ | ၅ | "The Wolf and the Lion" | ၁၅ မေ ၂၀၁၁ |
၆ | ၆ | "A Golden Crown" | ၂၂ မေ ၂၀၁၁ |
၇ | ၇ | "You Win or You Die" | ၂၉ မေ ၂၀၁၁ |
၈ | ၈ | "The Pointy End" | ၅ ဇွန် ၂၀၁၁ |
၉ | ၉ | "Baelor" | ၁၂ ဇွန် ၂၀၁၁ |
၁၀ | ၁၀ | "Fire and Blood" | ၁၉ ဇွန် ၂၀၁၁ |
ဇာတ်လမ်းတွဲ၏ အပိုင်းနံပါတ် |
အတွဲ ၂ ၏ အပိုင်းနံပါတ် |
ဇာတ်လမ်းပိုင်း အမည် | မူရင်းထုတ်လွှင့်သည့် ရက်စွဲ[၁၇] |
---|---|---|---|
၁၁ | ၁ | "The North Remembers" | ၁ ဧပြီ ၂၀၁၂ |
၁၂ | ၂ | "The Night Lands" | ၈ ဧပြီ ၂၀၁၂ |
၁၃ | ၃ | "What Is Dead May Never Die" | ၁၅ ဧပြီ ၂၀၁၂ |
၁၄ | ၄ | "Garden of Bones" | ၂၂ ဧပြီ ၂၀၁၂ |
၁၅ | ၅ | "The Ghost of Harrenhal" | ၂၉ ဧပြီ ၂၀၁၂ |
၁၆ | ၆ | "The Old Gods and the New" | ၆ မေ ၂၀၁၂ |
၁၇ | ၇ | "A Man Without Honor" | ၁၃ မေ ၂၀၁၂ |
၁၈ | ၈ | "The Prince of Winterfell" | ၂၀ မေ ၂၀၁၂ |
၁၉ | ၉ | "Blackwater" | ၂၇ မေ ၂၀၁၂ |
၂၀ | ၁၀ | "Valar Morghulis" | ၃ ဇွန် ၂၀၁၂ |
ဇာတ်လမ်းတွဲ၏ အပိုင်းနံပါတ် |
အတွဲ ၃ ၏ အပိုင်းနံပါတ် |
ဇာတ်လမ်းပိုင်း အမည် | မူရင်းထုတ်လွှင့်သည့် ရက်စွဲ[၁၇] |
---|---|---|---|
၂၁ | ၁ | "Valar Dohaeris" | ၃၁ မတ် ၂၀၁၃ |
၂၂ | ၂ | "Dark Wings, Dark Words" | ၇ ဧပြီ ၂၀၁၃ |
၂၃ | ၃ | "Walk of Punishment" | ၁၄ ဧပြီ ၂၀၁၃ |
၂၄ | ၄ | "And Now His Watch Is Ended" | ၂၁ ဧပြီ ၂၀၁၃ |
၂၅ | ၅ | "Kissed by Fire" | ၂၈ ဧပြီ ၂၀၁၃ |
၂၆ | ၆ | "The Climb" | ၅ မေ ၂၀၁၃ |
၂၇ | ၇ | "The Bear and the Maiden Fair" | ၁၂ မေ ၂၀၁၃ |
၂၈ | ၈ | "Second Sons" | ၁၉ မေ ၂၀၁၃ |
၂၉ | ၉ | "The Rains of Castamere" | ၂ ဇွန် ၂၀၁၃ |
၃၀ | ၁၀ | "Mhysa" | ၉ ဇွန် ၂၀၁၃ |
ဇာတ်လမ်းတွဲ၏ အပိုင်းနံပါတ် |
အတွဲ ၄ ၏ အပိုင်းနံပါတ် |
ဇာတ်လမ်းပိုင်း အမည် | မူရင်းထုတ်လွှင့်သည့် ရက်စွဲ[၁၇] |
---|---|---|---|
၃၁ | ၁ | "Two Swords" | ၆ ဧပြီ ၂၀၁၄ |
၃၂ | ၂ | "The Lion and the Rose" | ၁၃ ဧပြီ ၂၀၁၄ |
၃၃ | ၃ | "Breaker of Chains" | ၂၀ ဧပြီ ၂၀၁၄ |
၃၄ | ၄ | "Oathkeeper" | ၂၇ ဧပြီ ၂၀၁၄ |
၃၅ | ၅ | "First of His Name" | ၄ မေ ၂၀၁၄ |
၃၆ | ၆ | "The Laws of Gods and Men" | ၁၁ မေ ၂၀၁၄ |
၃၇ | ၇ | "Mockingbird" | ၁၈ မေ ၂၀၁၄ |
၃၈ | ၈ | "The Mountain and the Viper" | ၁ ဇွန် ၂၀၁၄ |
၃၉ | ၉ | "The Watchers on the Wall" | ၈ ဇွန် ၂၀၁၄ |
၄၀ | ၁၀ | "The Children" | ၁၅ ဇွန် ၂၀၁၄ |
ဇာတ်လမ်းတွဲ၏ အပိုင်းနံပါတ် |
အတွဲ ၅ ၏ အပိုင်းနံပါတ် |
ဇာတ်လမ်းပိုင်း အမည် | မူရင်းထုတ်လွှင့်သည့် ရက်စွဲ[၁၇] |
---|---|---|---|
၄၁ | ၁ | "The Wars to Come" | ၁၂ ဧပြီ ၂၀၁၅ |
၄၂ | ၂ | "The House of Black and White" | ၁၉ ဧပြီ ၂၀၁၅ |
၄၃ | ၃ | "High Sparrow" | ၂၆ ဧပြီ ၂၀၁၅ |
၄၄ | ၄ | "Sons of the Harpy" | ၃ မေ ၂၀၁၅ |
၄၅ | ၅ | "Kill the Boy" | ၁၀ မေ ၂၀၁၅ |
၄၆ | ၆ | "Unbowed, Unbent, Unbroken" | ၁၇ မေ ၂၀၁၅ |
၄၇ | ၇ | "The Gift" | ၂၄ မေ ၂၀၁၅ |
၄၈ | ၈ | "Hardhome" | ၃၁ မေ ၂၀၁၅ |
၄၉ | ၉ | "The Dance of Dragons" | ၇ ဇွန် ၂၀၁၅ |
၅၀ | ၁၀ | "Mother's Mercy" | ၁၄ ဇွန် ၂၀၁၅ |
ဇာတ်လမ်းတွဲ၏ အပိုင်းနံပါတ် |
အတွဲ ၆ ၏ အပိုင်းနံပါတ် |
ဇာတ်လမ်းပိုင်း အမည် | မူရင်းထုတ်လွှင့်သည့် ရက်စွဲ[၁၇] |
---|---|---|---|
၅၁ | ၁ | "The Red Woman" | ၂၄ ဧပြီ ၂၀၁၆ |
၅၂ | ၂ | "Home" | ၁ မေ ၂၀၁၆ |
၅၃ | ၃ | "Oathbreaker" | ၈ မေ ၂၀၁၆ |
၅၄ | ၄ | "Book of the Stranger" | ၁၅ မေ ၂၀၁၆ |
၅၅ | ၅ | "The Door" | ၂၂ မေ ၂၀၁၆ |
၅၆ | ၆ | "Blood of My Blood" | ၂၉ မေ ၂၀၁၆ |
၅၇ | ၇ | "The Broken Man" | ၅ ဇွန် ၂၀၁၆ |
၅၈ | ၈ | "No One" | ၁၂ ဇွန် ၂၀၁၆ |
၅၉ | ၉ | "Battle of the Bastards" | ၁၉ ဇွန် ၂၀၁၆ |
၆၀ | ၁၀ | "The Winds of Winter" | ၂၆ ဇွန် ၂၀၁၆ |
ဇာတ်လမ်းတွဲ၏ အပိုင်းနံပါတ် |
အတွဲ ၇ ၏ အပိုင်းနံပါတ် |
ဇာတ်လမ်းပိုင်း အမည် | မူရင်းထုတ်လွှင့်သည့် ရက်စွဲ[၁၇] |
---|---|---|---|
၆၁ | ၁ | "Dragonstone" | ၁၆ ဇွန် ၂၀၁၇ |
၆၂ | ၂ | "Stormborn" | ၂၃ ဇွန် ၂၀၁၇ |
၆၃ | ၃ | "The Queen's Justice" | ၃၀ ဇွန် ၂၀၁၇ |
၆၄ | ၄ | "The Spoils of War" | ၆ ဩဂုတ် ၂၀၁၇ |
၆၅ | ၅ | "Eastwatch" | ၁၃ ဩဂုတ် ၂၀၁၇ |
၆၆ | ၆ | "Beyond the Wall" | ၂၀ ဩဂုတ် ၂၀၁၇ |
၆၇ | ၇ | "The Dragon and the Wolf" | ၂၇ ဩဂုတ် ၂၀၁၇ |
ဇာတ်လမ်းတွဲ၏ အပိုင်းနံပါတ် |
အတွဲ ၈ ၏ အပိုင်းနံပါတ် |
ဇာတ်လမ်းပိုင်း အမည် | မူရင်းထုတ်လွှင့်သည့် ရက်စွဲ[၁၇] |
---|---|---|---|
၆၈ | ၁ | "Winterfell" | ၁၄ ဧပြီ ၂၀၁၉ |
၆၉ | ၂ | "A Knight of the Seven Kingdoms" | ၂၁ ဧပြီ ၂၀၁၉ |
၇၀ | ၃ | "The Long Night" | ၂၈ ဧပြီ ၂၀၁၉ |
၇၁ | ၄ | "The Last of the Starks" | ၅ မေ ၂၀၁၉ |
၇၂ | ၅ | "The Bells" | ၁၂ မေ ၂၀၁၉ |
၇၃ | ၆ | "The Iron Throne" | ၁၉ မေ ၂၀၁၉ |
ဇာတ်လမ်း
အတွဲအမှတ် |
Rotten Tomatoes | Metacritic |
---|---|---|
၁ | ၉၀% (သုံးသပ်သူ ၄၁ ဦး)[၁၈] | ၈၀ (သုံးသပ်သူ ၂၈ ဦး)[၁၉] |
၂ | ၉၆% (သုံးသပ်သူ ၃၇ ဦး)[၂၀] | ၉၀ (သုံးသပ်သူ ၂၆ ဦး)[၂၁] |
၃ | ၉၆% (သုံးသပ်သူ ၄၅ ဦး)[၂၂] | ၉၁ (သုံးသပ်သူ ၂၅ ဦး)[၂၃] |
၄ | ၉၇% (သုံးသပ်သူ ၄၅ ဦး)[၂၄] | ၉၄ (သုံးသပ်သူ ၂၉ ဦး)[၂၅] |
၅ | ၉၃% (သုံးသပ်သူ ၅၂ ဦး)[၂၆] | ၉၁ (သုံးသပ်သူ ၂၉ ဦး)[၂၇] |
၆ | ၉၄% (သုံးသပ်သူ ၃၅ ဦး)[၂၈] | ၇၃ (သုံးသပ်သူ ၉ ဦး)[၂၉] |
၇ | ၉၃% (သုံးသပ်သူ ၅၁ ဦး)[၃၀] | ၇၇ (သုံးသပ်သူ ၁၂ ဦး)[၃၁] |
၈ | ၅၅% (သုံးသပ်သူ ၂၀ ဦး)[၃၂] | ၇၅ (သုံးသပ်သူ ၁၃ ဦး)[၃၃] |
Like Game of Thrones, the action in those ancient tragedies centered on the stories of four ruling dynasties: House Atreus of Mycenae, House Cadmus in Thebes, House Erichthonius in Athens, and House Minos in Crete.