နိုင်ငံငယ် (အင်္ဂလိပ်: Microstate သို့မဟုတ် Ministate) ဆိုသည်မှာ မြေထုအကျယ်အဝန်းအရသော်လည်းကောင်း လူဦးရေအရသော်လည်းကောင်း သေးငယ်သည့် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်မျိုးဖြစ်သည်။ နိုင်ငံတကာဥပဒေများတွင်မူ "နိုင်ငံ" နှင့် "သေးငယ်ခြင်း" တို့ကို တိကျစွာသတ်မှတ်ထားခြင်းမရှိပေ။[၁]
အင်ဒိုရာ၊ မိုက်ခရိုနီးရှား၊ မာရှယ်ကျွန်းစု စသည်တို့သည် လူသိများသော နိုင်ငံငယ်များဖြစ်ကြသည်။ ဗာတီကန်စီးတီးသည် နိုင်ငံငယ်များအနက် အသေးငယ်ဆုံးပင်ဖြစ်သည်။ လူဦးရေမှာ ၁၀၀၀ အောက်သာရှိ၍ ၁၁၀ ဧကသာ ကျယ်ဝန်းသည်။ နိုင်ငံငယ်များသည် မြို့ပြနိုင်ငံများ သို့မဟုတ် အုပ်ချုပ်ရေးဒေသတစ်ခုသာ ရှိသည့် နယ်မြေများဖြစ်ကြသည်။
နိုင်ငံငယ် (Microstate) များသည် တိုင်းပြည်ငယ် (Micronation) များနှင့် မတူညီကြပေ။ တိုင်းပြည်ငယ်များသည် လွတ်လပ်သည်ဟုဆိုသော်လည်း နိုင်ငံတကာမှ အသိအမှတ်ပြုမှုမရှိပေ။
အဆင့် | နိုင်ငံ | ဧရိယာ (km2 or sqmi) | လူဦးရေ | သိပ်သည်းဆ (လူဦးရေ/km2) | မြို့တော် | တိုက် | ဒေသခွဲ |
---|---|---|---|---|---|---|---|
၁ | ဗာတီကန် | ၀.၄၄ km2 (၀.၁၇ sq mi) | 1,000 | 1913.6 | ဗာတီကန်စီးတီး | ဥရောပ | တောင်ဥရောပ |
၂ | မိုနာကိုနိုင်ငံ | ၂.၀၂ km2 (၀.၇၈ sq mi) | 37,308 | 18469.3 | Monaco-Ville | ဥရောပ | အနောက်ဥရောပ |
၃ | နအူရူးနိုင်ငံ | ၂၁ km2 (၈ sq mi) | 9,488 | 451.8 | Yaren | အိုရှန်းနီးယား | မိုက်ခရိုနီးရှား |
၄ | တူဗားလူ | ၂၆ km2 (၁၀ sq mi) | 10,782 | 414.7 | Funafuti | အိုရှန်းနီးယား | ပေါ်လီနီးရှား |
၅ | ဆန်မာရီနိုနိုင်ငံ | ၆၁ km2 (၂၄ sq mi) | 32,742 | 536.8 | ဆန်မာရီနိုမြို့ | ဥရောပ | တောင်ဥရောပ |
၆ | လစ်တန်စတိန်း | ၁၆၀ km2 (၆၂ sq mi) | 37,313 | 233.2 | Vaduz | ဥရောပ | အနောက်ဥရောပ |
၇ | မာရှယ်အိုင်းလန်း | ၁၈၁ km2 (၇၀ sq mi) | 70,983 | 392.2 | Majuro | အိုရှန်းနီးယား | မိုက်ခရိုနီးရှား |
၈ | စိန့်ကစ်နှင့် နီးဗစ် | ၂၆၁ km2 (၁၀၁ sq mi) | 51,538 | 197.5 | Basseterre | အမေရိက | ကာရေးဘီးယန်း |
၉ | မော်လဒိုက် | ၂၉၈ km2 (၁၁၅ sq mi) | 393,595 | 1320.8 | Malé | အာရှ | တောင်အာရှ |
၁၀ | မော်လတာ | ၃၁၆ km2 (၁၂၂ sq mi) | 514,564 | 1305.9 | Valetta | ဥရောပ | တောင်ဥရောပ |
၁၁ | ဂရီနေဒါ | ၃၄၄ km2 (၁၃၃ sq mi) | 110,152 | 320.2 | St. George's | အမေရိက | ကာရေးဘီးယန်း |
၁၂ | စိန့်ဗင်းဆင့်နှင့် ဂရိနေဒိုင် | ၃၈၉ km2 (၁၅၀ sq mi) | 102,918 | 264.6 | Kingstown | အမေရိက | ကာရေးဘီးယန်း |
၁၃ | ဘာဘေးဒိုးစ် | ၄၃၀ km2 (၁၆၆ sq mi) | 289,680 | 673.7 | Bridgetown | အမေရိက | ကာရေးဘီးယန်း |
၁၄ | အင်တီဂွါနှင့် ဘာဘူဒါ | ၄၄၃ km2 (၁၇၁ sq mi) | 91,295 | 206.1 | St. John's | အမေရိက | ကာရေးဘီးယန်း |
၁၅ | ဆေးရှဲ | ၄၅၅ km2 (၁၇၆ sq mi) | 91,650 | 201.4 | ဝိတိုရိယ | အာဖရိက | အရှေ့အာဖရိက |
၁၆ | ပလောင်း | ၄၅၉ km2 (၁၇၇ sq mi) | 21,186 | 46.2 | Ngerulmud | အိုရှန်းနီးယား | မိုက်ခရိုနီးရှား |
၁၇ | အင်ဒိုရာနိုင်ငံ | ၄၆၈ km2 (၁၈၁ sq mi) | 85,458 | 182.6 | Andorra la Vella | ဥရောပ | တောင်ဥရောပ |
၁၈ | စိန့်လူစီယာ | ၆၁၆ km2 (၂၃၈ sq mi) | 163,362 | 265.2 | Castries | အမေရိက | ကာရေးဘီးယန်း |
၁၉ | မိုက်ခရိုနီးရှားနိုင်ငံ | ၇၀၂ km2 (၂၇၁ sq mi) | 105,681 | 150.5 | Palikir | အိုရှန်းနီးယား | မိုက်ခရိုနီးရှား |
၂၀ | စင်ကာပူ | ၇၁၄ km2 (၂၇၆ sq mi) | 5,888,926 | 8247.8 | စင်္ကာပူ | အာရှ | အရှေ့တောင်အာရှ |
၂၁ | တုံဂါနိုင်ငံ | ၇၄၇ km2 (၂၈၈ sq mi) | 106,440 | 142.5 | Nukuʻalofa | အိုရှန်းနီးယား | ပေါ်လီနီးရှား |
၂၂ | ဒိုမီနီကာ | ၇၅၁ km2 (၂၉၀ sq mi) | 73,449 | 97.8 | Roseau | အမေရိက | ကာရေးဘီးယန်း |
၂၃ | ဘာရိန်း | ၇၆၅ km2 (၂၉၅ sq mi) | 1,140,942 | 1491.4 | Manama | အာရှ | အနောက်အာရှ |
၂၄ | ကီရီဘတ်စ် | ၈၁၁ km2 (၃၁၃ sq mi) | 104,488 | 128.8 | Tarawa | အိုရှန်းနီးယား | မိုက်ခရိုနီးရှား |
၂၅ | ဆောင်တူမေးနှင့် ပရင်စီပီ | ၉၆၄ km2 (၃၇၂ sq mi) | 190,428 | 197.5 | São Tomé | အာဖရိက | အလယ်အာဖရိက |
၂၆ | ဆမိုးအား | ၂,၈၃၁ km2 (၁,၀၉၃ sq mi) | 196,628 | 69.5 | Apia | အိုရှန်းနီးယား | ပေါ်လီနီးရှား |
၂၇ | ဘရူနိုင်း | ၅,၇၆၅ km2 (၂,၂၂၆ sq mi) | 422,675 | 73.3 | ဘန်ဒါဆရီဘဂါဝမ် | အာရှ | အရှေ့တောင်အာရှ |
၂၈ | ဗနွားတူနိုင်ငံ | ၁၂,၁၈၉ km2 (၄,၇၀၆ sq mi) | 266,937 | 21.9 | Port Vila | အိုရှန်းနီးယား | မီလန်နီးရှား |
၂၉ | ဘဟားမား | ၁၃,၈၈၀ km2 (၅,၃၅၉ sq mi) | 321,834 | 23.2 | Nassau | အမေရိက | ကာရေးဘီးယန်း |
၃၀ | ဘလိဇ် | ၂၂,၉၆၆ km2 (၈,၈၆၇ sq mi) | 340,844 | 14.8 | Belmopan | အမေရိက | အလယ်အမေရိက |
၃၁ | အိုက်စလန် | ၁၀၃,၀၀၀ km2 (၃၉,၇၆၉ sq mi) | 317,351 | 3.1 | Reykjavík | ဥရောပ | မြောက်ဥရောပ |