ဖီဖာ ကမ္ဘာ့ဖလား ဆုများ

ဖီဖာကမ္ဘာ့ဖလား နောက်ဆုံးတွင် ပြိုင်ပွဲအပြီးတွင် ကစားသမားများနှင့် အသင်းများကို ပြိုင်ပွဲ၏ ရှုထောင့်အမျိုးမျိုးမှ ထူးချွန်​ပ​ြော​​င်မြောက်သူများကို ဆုများစွာကိုပေးအပ်သည်။

ဆုများ

ပြိုင်ပွဲအပြီးတွင် ချီးမြ​ှင့်သောဆု (၅)ခု၊ ပြိုင်ပွဲအတွင်​ပေးအပ်သောဆု တစ်ခုရှိသည်။ [၁]

  • ရွှေဘောလုံး (လက်ရှိတွင် 'အာ့ဒီးဒါ့စ် ရွှေဘောလုံး' ဟု သုံးနှုန်း) သည် ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးဘောလုံးသမားကို ပေးအပ်ပြီး (၁၉၈၂)မှစ၍ ချီးမြှင့်ခဲ့သည်။
  • ရွှေဖိနပ် (လက်ရှိတွင် 'အာ့ဒီးဒါ့စ် ရွှေဖိနပ်' ဟု သုံးနှုန်း, ၁၉၈၂-၂၀၀၆အထိ shoe ဟုခေါ်သော်လည်း ယခုတွင် boot ဟုသုံးနှုန်း) ကို ဂိုးအများဆုံးသွင်းယူနိုင်သူကို ချီးမြင့်သည်။ ၁၉၈၂ မှစတင် ချီးမြင့်ခဲ့၏ ။
  • ရွှေလက်အိတ်ဆု (လက်ရှိတွင် 'အာ့ဒီးဒါ့စ် ရွှေလက်အိတ်ဆု ဟု သုံးနှုန်း၊ ၁၉၉၄-၂၀၀၆အထိ လက်ဗ် ယဲ့ရှင်ဆု အဖြစ်သိရှိ) ကို အကောင်းဆုံး ဂိုးသမားကို ၁၉၉၄မှစ၍ ချီးမြင့်ခဲ့သည်။
  • အကောင်းဆုံး လူငယ်ကစားသမားဆု (လက်ရှိတွင် Hyundai အကောင်းဆုံးလူငယ်ဆု) ကို ပြက္ခဒိန်နှစ်အစတွင် အသက် (၂၁)နှစ်အောက် အကောင်းဆုံး ကစားသမားကို ပေးအပ်သည်။ ၂၀၀၆မှ စတင်ပေးအပ်ခဲ့သည်။
  • ဖီဖာ သန့်ရှင်းစွာကစားခြင်းဆုဖလား ကို ၁၉၇၀မှစတင် ချီးမြင့်ခဲ့၍ စည်းကမ်းလိုက်နာ (အသန့်ရှင်းဆုံး) မှတ်တမ်းဖြင့် ကစားနိုင်ခဲ့ကာ အနည်းဆုံး ဒုတိယအဆင့်သို့ တက်လှမ်းနိုင်သော အသင်းကိုသာ ထည့်သွင်းစဉ်းစား၍ ပေးအပ်သည်။
  • ပွဲ၏ အကောင်းဆုံးလူ (လက်ရှိတွင် Budweiser ပွဲ၏ အကောင်းဆုံးလူ ဟု သုံးနှုန်း) ပြိုင်ပွဲစဉ်တစ်လျှောက် ပွဲတစ်ပွဲတွင် ထူးချွန်စွာကစားနိုင်မှုအတွက် ပေးအပ်သည်။ ၂၀၀၂ မှ စ၍ ပေးအပ်ခဲ့သည်။

အခြားသော ဆုနှစ်ခုကို ၁၉၉၄နှင့် ၂၀၀၆ ကြား၌ ပေးအပ်ခဲ့မှုရှိသည်။ ထိုဆုများမှာ :[၂]

  • အဖျော်ဖြေနိုင်ဆုံး အသင်း ကို ယေဘုယျ ပရိသတ် မဲဖြင့် ဆုံးဖြတ်၍ ဖိုင်နယ်ပွဲများတစ်လျှောက် ပရိသတ်ကို အကောင်းဆုံး ဖျော်ဖြေကစားနိုင်ခဲ့သော အသင်းကို ချီးမြင့်ပေးအပ်သည်။
  • ထိပ်တန်းကြယ်ပွင့် အသင်း တွင် နည်းစနစ်ပိုင်းလေ့လာသော အဖွဲ့က ရွေးချယ်ထားသော ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ကစားသမားများပါဝင်သည်။


ကိုးကား

  1. 2014 FIFA World Cup: Awards။ FIFA.com။ 20 July 2014 တွင် ပြန်စစ်ပြီး။
  2. FIFA eliminates official World Cup All-Star teamUSA Today (21 July 2010)။