ဗြိတိသျှ ကိုလံဘီယာ ပြည်နယ် သည် ကနေဒါနိုင်ငံ အနောက်ဘက် ကမ်းခြေတွင် တည်ရှိသော ပြည်နယ် တစ်ခု ဖြစ်သည်။ ဗြိတိသျှ ကိုလံဘီယာ ပြည်နယ်သည် ပစိဖိတ် အနောက်မြောက်ပိုင်း၏ အစိတ်အပိုင်း တစ်ခု ဖြစ်ပြီး အမေရိကန်ပြည်ထောင်စု မှ အော်ရီဂွန်ပြည်နယ် နှင့် ဝါရှင်တန်ပြည်နယ် တို့နှင့် အတူ ကက်စကေးဒီးယား ဇီဝရပ်ဝန်းတွင် ပါဝင်သည်။[၁][၂] ပြည်နယ်၏ အမည်ကို ၁၈၅၈ တွင် ဟတ်ဒ်ဆန်ဘေး ကုမ္ပဏီမှ လူတစ်ဦးက ရွေးချယ် ပေးခဲ့ခြင်း ဖြစ်သည်။
ဗြိတိသျှ ကိုလံဘီယာ ပြည်နယ်၏ မြို့တော်မှာ ဝိတိုရိယမြို့ ဖြစ်သည်။