ရိုဇယ် (Rosé) | |
---|---|
ဘန်ဒန်း, Fan Event တွင်တွေ့ရသော ချယ်ယောင်း၊ ၂၀၁၈ ဇွန်လ | |
မွေးဖွား | ရိုဇန် ပက်ခ် ၁၁ ဖေဖော်ဝါရီ၊ ၁၉၉၇ အော့ကလန်မြို့, နယူးဇီလန် |
အခြား အမည်များ | ပက်ခ်ချယ်ယောင်း (ကိုရီးယားနာမည်) |
အလုပ်အကိုင် | အဆိုတော်၊ မော်ဒယ် |
တက်ကြွလှုပ်ရှားနှစ်များ | ၂၀၁၂၊၂၀၁၆ - လက်ရှိ |
ဇာတိ | မဲလ်ဘုန်းမြို့, ဩစတေးလျ |
ဂီတခရီးလမ်း | |
မူလတိုင်းပြည် | South Korea |
ဂီတဟန် | K-pop |
တူရိယာ | Vocals |
တေးသံသွင်း ကုမ္ပဏီ | |
ပူးတွဲ ပါဝင်မှု |
ရိုဇန် ပက်ခ် (ကျောင်းနာမည်: Roseanne Park, ၁၉၉၇ ဖေဖော်ဝါရီ ၁၁ တွင်မွေးဖွား) ကို ရိုဇယ်( ကိုရီးယား: 로제, English : Rosé) ဟူသော အမည်ဖြင့် ပို၍ သိကြသည်။ မြန်မာနိုင်ငံတွင် "ရိုဆီ"ဟူ၍ အသိများသည်။ နာမည်ကျော် Blackpink အဖွဲ့ဝင်(၄)ဦးအနက် တစ်ဦးဖြစ်ပြီး သူမ၏ Vocal ကြောင့် ပို၍ထင်ရှားသည်။ သူမ၏ ပရိသတ်များကို Fansé ဟု ချစ်စနိုး ခေါ်ဝေါ်ကြသည်။ တောင်ကိုရီးယားအနွယ်ဝင် နယူးဇီလန်အဆိုတော်တစ်ဦး ဖြစ်သည်။ Rosé သည် ၂၀၁၂ ခုနှစ်မှစ၍ တောင်ကိုရီးယားနိုင်ငံမှ YG Entertainment နှင့် စာချုပ်ချုပ်ဆိုပြီး ၄ နှစ်ကြာလေ့ကျင့်ခဲ့သည်။ သူမသည် ၂၀၁၆ ဩဂုတ်လတွင် Blackpink မိန်းကလေးအဖွဲ့၏ Main Vocalist အဖြစ် စတင်ခဲ့သည်။ တစ်ကိုယ်တော်အနုပညာရှင်အဖြစ်လည်း G-Dragon ၏၂၀၁၂ ခုနှစ်တွင်ထွက်ရှိခဲ့သော "Without You" သီချင်းတွင် ပါဝင်သီဆိုခဲ့ပြီး ထိုသီချင်းသည် Gaon Music Chart တွင် အဆင့်(၁၀) အထိ တက်လှမ်းနိုင်ခဲ့သည်။
ရိုဇန် ပက်ခ် (ကိုရီးယား: 박채영; ပက်ခ် ချယ်ယောင်း) ကို ဖေဖော်ဝါရီလ (၁၁)ရက် ၁၉၉၇ ၌[၂] [၃] တောင်ကိုရီးယားမှ ပြောင်းရွှေ့လာသော မိဘများမှ အော့ကလန် [၄]၊နယူးဇီလန်တွင် မွေးဖွားခဲ့သည်။ သူမတွင် အမတစ်ယောက် ရှိသည်။ ၂၀၀၄ ခုနှစ်၊ အသက်(၇)နှစ်အရွယ်တွင် ရိုဇယ်နှင့် သူမ၏မိသားစုသည် ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့ သို့ပြောင်းရွှေ့ခဲ့သည်။ [၅] ရိုဇယ်သည် မဲလ်ဘုန်းမြို့ရှိ Canterbury Girls 'Secondary College တွင်တက်ရောက်ခဲ့သည်။ [၆] သူမသည် ကလေးဘဝကတည်းက သီချင်းသီဆိုခြင်း၊ ဂစ်တာနှင့်စန္ဒရားတီးခြင်းများကို သင်ယူခဲ့ပြီး ဘုရားရှိခိုးကျောင်းများတွင် သီဆိုဖျော်ဖြေလေ့ရှိသည်။
2012 ခုနှစ်တွင် အသက် 15 နှစ်အရွယ် ရိုဇယ်သည် တောင်ကိုရီးယားနိုင်ငံမှ YG Entertainment ၏ ဩစတေးလျနိုင်ငံတွင် ပြုလုပ်ခဲ့သော အရည်အချင်းစစ်ပြိုင်ပွဲကို သူမအဖေ၏ အကြံပြုချက် [၅]ကြောင့် ဝင်ပြိုင်ခဲ့ပြီး ယှဉ်ပြိုင်သူ (၇၀၀) အနက် အဆင့်(၁)ဆွတ်ခူးနိုင်ခဲ့သည်။ [၇] [၈] နှစ်လအတွင်းတွင် သူမသည် YG Entertainment နှင့် စာချုပ်ချုပ်ဆိုခဲ့ပြီး ဆိုးလ် သို့ပြောင်းရွှေ့ခဲ့သည်။ [၆] ရိုဇယ်သည် အစောပိုင်းတွင် သူမအဖေ၏အကြံအစည်ကို အလှမ်းဝေးကွာမှု၊ နိုင်ငံရပ်ခြားတွင် အဆိုတော်ဖြစ်ရန် ခက်ခဲမှုတို့ကြောင့် ဟာသအဖြစ်သာ ထင်မြင်ခဲ့ကြောင်း အောက်ပါအတိုင်း ပြောကြားခဲ့သည်။ ဩစတေးလျမှာတုန်းက ကျွန်မအနေနဲ့ အဆိုတော်တစ်ယောက်ဖြစ်လာဖို့... အထူးသဖြင့် ကေပေါ့(ပ်)လောကမှာ ထင်ပေါ်ကျော်ကြားလာဖို့ အခွင့်အရေးအများကြီးရှိလိမ့်မယ်လို့ မထင်ခဲ့မိပါဘူး။ ကျွန်မဟာ ဒီလိုဖြစ်လာဖို့ အခွင့်အလမ်း တကယ်ကိုနည်းပါးပြီး အလှမ်းဝေးကွာလှတဲ့နိုင်ငံမှာ နေထိုင်ခဲ့ရတာပါ။ [၆] ထိုနှစ်တွင်ပင် ရိုဇယ်သည် YG Entertainment မှ G-Dragon ၏ EP One of a Kind (2012) အယ်လ်ဘမ်မှ "Without You" သီချင်းတွင် ပါဝင်ခွင့်ရခဲ့သည်။ သီချင်းထွက်ရှိချိန်နှင့် တချိန်တည်းတွင် Blackpink အဖွဲ့ဝင်အဖြစ်ကြေညာချက်ထွက်လာပြီး စာချုပ်အရ သီချင်းတွင် သူမ၏အမည်ကိုလူသိရှင်ကြားမထုတ်ပြန်ခဲ့ပါ။ [၉] ထိုသီချင်းသည် တောင်ကိုရီးယား၏ Gaon Music Chart တွင်နံပါတ် (၁၀) နှင့် <i id="mwSQ">Billboard Korea</i> K-pop Hot 100 တွင်နံပါတ် (၁၅) နေရာတွင် ရပ်တည်နိုငခဲ့သည်။ [၁၀] [၁၁]
ရိုဇယ်သည် ၂၀၁၆ ဇွန်လတွင် Blackpink အဖွဲ့ဝင်အဖြစ် ကြေညာခြင်းမခံရမီ YG Entertainment တွင် (၄)နှစ်ကြာ လေ့ကျင့်ခဲ့သည်။ သူမသည် အဖွဲ့ဝင်(၄)ဦးအနက် နောက်ဆုံးဝင်ရောက်လာသော အဖွဲ့ဝင်ဖြစ်သည်။ [၁၂] Blackpink အဖွဲ့သည် ၂၀၁၆ ဩဂုတ်လတွင် single album Square One ကို စတင်မိတ်ဆက်ခဲ့ပြီး ထိုအယ်လ်ဘမ်တွင် "Whistle" နှင့် "Boombayah" တို့ ပါဝင်သည်။[၁၃]
အဆိုတော်ရိုဇယ်သည် ဂီတပြပွဲများဖြစ်သော King of Masked Singer နှင့် Fantastic Duo 2 ကဲ့သို့ အသံလွှင့်အစီအစဉ်များတွင်လည်း ဖျော်ဖြေခဲ့သည်။ King of Masked Singer မှ သူမ၏ အသံပိုင်း စွမ်းဆောင်ရည်ကို ပရိသတ်အကြိုက်တွေ့ခဲ့ကြပြီး ရိုဇယ် က"(သူမရဲ့)သီဆိုဖျော်ဖြေမှုကို ပရိသတ်တွေ နှစ်သက်သဘောကျလိမ့်မယ်ဆိုတာကို မသိခဲ့ပါဘူး(မကြိုက်မှာ စိုးရိမ်နေခဲ့ရပါတယ်)၊ ကောင်းမွန်တဲ့ရလဒ်ထွက်ရှိလာတဲ့အခါမှာတော့ ပျော်ရွှင်ပြီးစိတ်သက်သာရာရသွားပါတယ်" ဟု ပြောကြားခဲ့သည်။[၄] နောက်ပိုင်းတွင် ရိုဇယ်သည် Fantastic Duo ၏ ဒုတိယရာသီတွင်လည်း ဖျော်ဖြေသူတစ်ဦးအဖြစ် တွေ့မြင်ခဲ့ရသည်။ ရှိုးပွဲ ထုတ်လုပ်သူက ရိုဇယ်၏ အသံစွမ်းရည်ကို ပြသရန်ရည်ရွယ်ခဲ့ပြီး Blackpink အဖွဲ့နှင့် မသက်ဆိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။ [၁၄] ၂၀၂၀၊ ဇွန်လ (၂) ရက်တွင် YG Entertainment က Blackpink ၏ပထမဆုံးအယ်လ်ဘမ်အပြည့်အစုံထွက်ပေါ်ပြီးနောက်တွင် လီဆာ၊ ဂျီဆူး၊ ရိုဇယ်တို့၏ Solo Track ကို မိတ်ဆက်နိုင်ဖွယ်ရှိသည်ဟု ၂၀၂၀၊ ဇွန်လ(၂) ရက်တွင် ကြေညာခဲ့သည်။[၁၅]
ရိုဇယ်သည် Blackpink အဖွဲ့ဝင်တစ်ဦးဖြစ်လာပြီးနောက် သူမ၏ ထူးခြားဆန်းသစ်သောအသံစွမ်းဆောင်ရည်အပေါ် ကေပေါ့ပ်အသိုင်းအဝိုင်း၏ အသိအမှတ်ပြုမှုကို ရရှိခဲ့သည်။[၁၆] Fantastic Duo 2 ၏ အပိုင်းတစ်ခုတွင် ရိုဇယ်ပါဝင်ဖျော်ဖြေပြီးနောက် ဂီတဆိုင်ရာစံပြပုဂ္ဂိုလ်အဖြစ် ရိုဇယ်မှသတ်မှတ်ထားသော Gummy[၁၄]က" အသံဟာ ထူးခြားပါတယ်။ ဒါဟာ လူငယ်တွေ နှစ်ခြိုက်လေ့ရှိတဲ့ အသံမျိုးပါပဲ" ဟု ပြောကြားခဲ့သည်။
ရေဒီယိုအင်တာဗျူးတစ်ခုတွင် ရိုဇယ်သည် Big Bang အဖွဲ့မှ Taeyang ကိုသူမ၏ဂီတလမ်းကြောင်းအတွက် စံပြပုဂ္ဂိုလ်အဖြစ် ရည်ညွှန်းပြောဆိုခဲ့သည်။ [၁၇] ရိုဇယ်သည် အမေရိကန်အဆိုတော် Tori Kelly သည်လည်း သူမ၏ သီဆိုမှုကို အားတက်စေသည်ဟု ယူဆသည်။
၂၀၁၈ ခုနှစ်တွင် ရိုဇယ်နှင့် Blackpink အဖွဲ့ဝင် ဂျီဆူး တို့သည် တောင်ကိုရီးယားအလှကုန်အမှတ်တံဆိပ် Kiss Me အတွက် မော်ဒယ်များအဖြစ်ရွေးချယ်ခံခဲ့ရသည်။ [၁၈]၂၀၁၉ အောက်တိုဘာတွင် ရိုဇယ်သည် Perfect World Entertainment ၏ MMORPG (Perfect World Mobile)ဂိမ်းအတွက် ပရိုမိုးရှင်းမော်ဒယ်ဖြစ်လာခဲ့သည်။[၁၉] ၂၀၂၀ ခုနှစ်တွင် Anthony Vaccarello က Yves Saint Laurent အတွက် Global Ambassador အဖြစ် ရိုဇယ်အား ခန့်အပ်ခဲ့သည်။ [၂၀]
၂၀၂၀ ဧပြီလတွင် ရိုဇယ်သည် အင်စတာဂရမ် ၌ Follower အများဆုံး 50.4 သန်းကျော်နှင့်အတူ စတ္ထုမြောက် Follower အများဆုံး K-pop Idol ဖြစ်လာခဲ့သည်။ [၂၁] ရိုဇယ်သည် ကိုရီးယားနာမည်ကျော်များအား အွန်လိုင်းရှာဖွေမှုနှင့် Engagement အများဆုံးတို့ကို လေ့လာသော ကိုရီးယားနိုင်ငံ စီးပွားရေးလုပ်ငန်းများသုတေသနဌာန၏ အမျိုးသမီးနာမည်ကျော်များစာရင်းတွင် ၂၀၁၈ ခုနှစ်မှစတင်၍ ပါဝင်လာခဲ့သည်။[၂၂]ထိုစာရင်းတွင် သူမသည် အဆင့်(၁၀)အတွင်းသို့လည်း ရောက်ရှိနေပြီဖြစ်သည်။[၂၃]
Title | Year | Peak chart positions | Sales | Album | |
---|---|---|---|---|---|
KOR | |||||
<small id="mwqQ">Gaon</small> [၁၀] |
<small id="mwrw">Hot</small> [၁၁] | ||||
"Without You" (결국; Gyeolguk) (G-Dragon feat. Rosé)[မှတ်စု ၁] |
2012 | 10 | 15 |
|
One of a Kind |
Year | Title | Network | Role | Notes | Ref. |
---|---|---|---|---|---|
2017 | King of Mask Singer | MBC | Contestant "Circus Girl" | Episodes 103–104 | [၂၅] |
Fantastic Duo | SBS | Contestant "Australia 400:1" | Season 2, Episodes 19–20 | [၂၆] |