လေ့လာနိုင်သော လောကကို အကျဉ်းချုပ်သရုပ်ဖော်ထားပုံ၊ အစက်ကလေးများသည် ကြယ်စုထွေး (supercluster) အစုအဝေးများအား ဖော်ညွန်းပြီး Virgo Supercluster သည် အလယ်ဗဟို၌ တည်ရှိသည်။ ယင်းသည် နဂါးငွေ့တန်း၏ မိခင်ဖြစ်သော်လည်း မြင်သာရန် သေးငယ်လွန်းလှသည်။ | |
အချင်း | ၈.၈×၁၀၂၆ m (၂၈.၅ Gpc သို့မဟုတ် ၉၃ Gly)[၁] |
---|---|
ထုထည် | ၄×၁၀၈၀ m3[၂] |
ဒြပ်ထု (ordinary matter) | ၁၀၅၃ kg[၃] |
သိပ်သည်းမှု | ၉.၉×၁၀-၃၀ g/cm3 (အာကာသ၏ ၁ ကုဗမီတာလျင် ပရိုတွန် ၆ လုံးနှင့်ညီမျှသည်)[၄] |
သက်တမ်း | ၁၃.၇၉၉ ± ၀.၀၂၁ ဘီလီယံ နှစ်[၅] |
ပျမ်းမျှအပူချိန် | ၂.၇၂၅၄၈ ကေလ်ဗင်[၆] |
ပါဝင်သော အရာများ | သမားရိုးကျ ဒြပ်သားမျိုး (၄.၉%) ကိုယ်ပျောက်ဒြပ်ဆန်း (၂၆.၈%) လောကနှံ့စွမ်းအင် (၆၈.၃%) |
လေ့လာနိုင်သော လောက (observable universe) ဆိုသည်မှာ လူသားတို့အနေဖြင့် လောက(Universe)ကို လက်လှမ်းမီသမျှ လေ့လာ၍ရသည့် အဝန်းအဝိုင်းတစ်ခုလုံးစာကို ဆိုလိုသည်။ ကျမ်းဂန်လာ စကြဝဠာ ခေါ် လောကဓာတု အတွက်မူ စကြဝဠာစာမျက်နှာ၌ အခေါ်အဝေါ်လျော်ကန်စွာ လေ့လာနိုင်သည်။ ဤစာမျက်နှာမှာ ရူပဗေဒဖြင့် လေ့လာအပ်သော ခပ်သိမ်းလောက (the whole universe)၏ တစ်စိတ်တပိုင်းကို ဆိုလိုသည်။
universe = ခပ်သိမ်းလောက
cakkaval = စကြဝဠာ (Universe အတွင်း တစ်စိတ်တပိုင်းအဖြစ်သာ ပါဝင်သည်ဟု ယူဆရသော အဝန်းအဝိုင်း)
ဤစာမျက်နှာတွင် ဖော်ပြသော လက်လှမ်းမီနိုင်သမျှ လောက (အင်္ဂလိပ်: the observable universe) ဆိုသည်မှာ လူသားတို့၏ လက်ရှိနည်းပညာ အားနည်းသေးမှုကြောင့် ဤအပိုင်းကို ကျော်လျက် မလေ့လာနိုင်ခြင်းကို မဆိုလိုပါ။ လောက(Universe)တွင် သက်ရောက်မှုတိုင်းသည် အချိန်ယူလျက် ရွေ့လျားရသေးသည်။ သံလိုက်တစ်ခု စတင် ဖြစ်ပေါ်သည်နှင့်၊ မီးတစ်ခု တောက်လောင်သည်နှင့် ၎င်းတို့၏ သံလိုက်ဆွဲအား နှင့် အလင်းရောင် ဟူသော သက်ရောက်မှုတို့က ပတ်ဝန်းကျင်တခိုလုံးသို့ ချက်ချင်း မသက်ရောက်ပါ။ အလင်းအလျင်နှင့် အချိန်ယူ သက်ရောက်ခြင်း ဖြစ်သည်။ ၎င်းက မြန်လွန်းသောကြောင့် သံလိုက်ဆွဲငင်မှု၊ အလင်းမြင်ရမှုတို့က ရုတ်ချည်းဖြစ်သည့်သဖွယ် လူအများ ထင်မှတ်ကြခြင်း ဖြစ်သည်။ သို့ဖြင့် အကွာအဝေးများလွန်းသော ဒေသများမှ သက်ရောက်မှု မှန်သမျှသည်လည်း အချိန်များစွာ ယူပြီးမှ ကျွန်ုပ်တို့ထံ ရောက်ကြနိုင်ရာ ၎င်းသက်ရောက်မှု အလုံးစုံ မရောက်မီတွင် ၎င်းတို့ တည်ရှိခြင်း-မရှိခြင်းက ကျွန်ုပ်တို့အဖို့ သက်ရောက်ချက် စိုးစဉ်းမျှ မရှိသေးပေ၊ ကျွန်ုပ်တို့၏ လောက (reality) ထဲ၌ မပါဝင်သေးပေ။ ထို့အပြင် လောက(Universe) ကြီးက ပြန့်ကားနေသဖြင့် အချို့သော အဝေးအလံ ကြယ်စုများ (the most distance galaxies) တို့သည် ကျွန်ုပ်တို့၏ လောက (reality) ထဲမှ ယုတ်လျော့ ပျောက်ကွယ်လျက် ရှိသည်။
လောက(Universe)၏ အာကာသ-အချိန် သင်္ချာသဘောသရုပ်က တပြန့်ညီစွာတည်ရှိသည်ဟု ယူဆလျှင် ကြည့်ရှုတိုင်းတာသူ (observer) အနေနှင့် လောက(Universe၏ မည်သည့်နေရာမှ လေ့လတိုင်းတာသည်ဖြစ်စေ အတူတူပင် မြင်ရပေမည်။ ကမ္ဘာမြေမှ လေ့လာနိုင်သော ကြယ်စုအရေအတွက်မှာ အနည်းဆုံး ၂ ထရီလီယံ (၂,၀၀၀,၀၀၀,၀၀၀) ခန့် ရှိလေသည်။[၇][၈] လေ့လာနိုင်သော ဟူသည့်စကားလုံးသည် ခေတ်သစ်သိပ္ပံပညာများအပေါ် မမူတည်ပေ။ လောကနှံ့ မိုက်ကရိုဝေ့ဖ်နောက်ခံ (en:Cosmic Microwave Background Radiation: CMBR) ကို ပညာရှင်များ အချိန်ယူကာ တိုင်းတာခဲ့ကြရာ မဟာပေါက်ကွဲမှုကတည်းက ပြန့်ကားလာသည့် လောက(Universe)၏ မြေပုံကို ရေးဆွဲနိုင်ခဲ့သည်။ CMBR မှရလဒ်ကို အခြေခံတွက်ချက်မှုများအရ လက်ရှိ မိမိတို့ မြင်နိုင်သမျှ အလင်း၏အကွာအဝေးသည် ၁၄ ဘီလီယံ Parsec (အလင်းနှစ် ၄၅.၇ ဘီလီယံ) ရှိသည်။ ယဉ်တွဲရွေ့လျားအကွာအဝေးသည် ၁၄.၃ ဘီလီယံ Parsec (အလင်းနှစ် ၄၆.၆ ဘီလီယံ) ရှိကာ ၂% ပိုများသည်။[၉] လောက(Universe)သည် အချိန်နှင့်အမျှ ပြန့်ကားနေသောကြောင့် အလိုက်ပြောင်းအကွာအဝေး (comoving distance) ဟုသုံးသည်။ ၂၀၁၅ ခုနှစ်အရ လောက(Universe)၏သက်တမ်းအဖို့ အကောင်းဆုံးမှန်းဆချက်မှာ ၁၃.၇၉၉ ±၀.၀၂၁ ဘီလီယံနှစ်ဖြစ်သည်။[၅] သို့သော် စကြဝဠာပြန့်ကားမှုအရ လေ့လာနိုင်သောစကြဝဠာ၏အချင်းသည် ၂၈.၅ gigaparsec (အလင်းနှစ် ၉၃ ဘီလီယံ) ရှိသည်ဟုဆိုသည်။ [၁၀] ထို့ကြောင့် လေ့လာနိုင်သော လောက(Universe)၏ အနားစွန်းသည် အလင်းနှစ် ၄၆.၅ ဘီလီယံ ရှိပေမည်။[၁၁][၁၂]
လောက(Universe)၏ အရွယ်အစားကို မသိရပေ၊ ယင်းသည် အနန္တလည်း ဖြစ်နိုင်သည်။[၁၃] လောက(Universe)၏ အချို့သောအပိုင်းများသည် မဟာပေါက်ကွဲမှုကတည်းက ထုတ်လွှင့်သည့်အလင်းများ ကမ္ဘာမြေရှိ ခြေရာခံကိရိယာများသို့ ရောက်ရှိရန် ဝေးကွာလွန်းလှသည်။ ထို့ကြောင့် ယင်းတို့သည် လေ့လာနိုင်သော လောက(Universe)၏အပြင်ဘက်တွင် တည်ရှိနေသည်။ အနာဂတ်တွင် ဝေးကွာသော ကြယ်စုများ၏ အလင်းသည် ကမ္ဘာမြေသို့ရောက်ရှိရန် အချိန်ပိုမိုကြန့်ကြာပေလိမ့်မည်။ မဟာပေါက်ကွဲမှုကတည်းက ပြန့်ကားသွားသော အဝေးမှဂလက်ဆီများသည် မိမိတို့ဆီရောက်ရန် အချိန်ယူရသည်။ ထို့ကြောင့် အနာဂတ်တွင် အဝေးမှ ဂလက်ဆီများအား (အရင်က မမြင်ဖူးသော) မြင်တွေ့ရပေမည်။ သို့သော် ယနေ့အခါ၌ လောက(Universe)သည် စွမ်းအင်နက်ကြောင့် လောကပြန့်ကားနှုန်းသည် အလျင်နှုန်း တိုးပြောင်းလျက် ပြန့်ကားနေသည်။ ယခုအတိုင်းဖြင့် ဆက်လက်ပြန့်ကားနေမည်ဆိုပါက အနီရောင်အရွေ့ကြောင့် အဝေးမှ ကြယ်စုများ မြင်ကွင်းမှ ထာဝရ ပျောက်ကွယ်သွားပေလိမ့်မည်။[၁၄][၁၅] အလန် ဂုထ် (Alan Guth) ၏ လောကဖောင်းပွခြင်းသီအိုရီအရ လောက(Universe)သည် မဟာပေါက်ကွဲမှုအပြီး ၁၀-၃၇ စက္ကန့်အကြာတွင် စတင်ခဲ့သည်။ ယင်းအဆိုအရ လက်ရှိ လောက(Universe)သည် လေ့လာနိုင်သောလောက (observable universe)ထက် အဆပေါင်း ၃×၁၀၂၃ ရှိနိုင်သည်ဟုဆိုသည်။ [၁၆] အချို့ကမူ လေ့လာနိုင်သောစကြဝဠာထက် အဆပေါင်း ၂၅၀ ရှိသည်ဟုဆိုကြသည်။[၁၇]
ကြယ်အရေအတွက်အား တိတိကျကျသိရှိရန် နည်းလမ်းမရှိပေ၊ သို့သော် လက်ရှိအသိပညာဖြင့်ဆိုပါက သာမန်အားဖြင့် ၁၀၂၂ မှ ၁၀၂၄ ရှိလေသည်။[၁၈][၁၉][၂၀][၂၁] ယင်းအတိုင်းအတာပမာဏအား ပြေလည်စေရန် နည်းလမ်းတစ်ခုမှာ ကြယ်စုတို့၏ အရေအတွက်ကို ခန့်မှန်းရန်ဖြစ်ပြီး ကြယ်စုတစ်ခုချင်းစီတွင် ပါဝင်သော ပျမ်းမျှ ကြယ်အရေအတွက်နှင့် မြှောက်ရန်ဖြစ်သည်။ ၂၀၀၄ ခုနှစ် Hubble Ultra-Deep Field ပုံရိပ်အရ ခန့်မှန်းခြေ ကြယ်စုရေမှာ ၁၀,၀၀၀ ဖြစ်သည်။[၂၂] နှိုင်းယှဉ်ရသော် ယင်းမှ ဖမ်းမိသည့် ကောင်းကင်၏ ဧရိယာသည် တစ်ဘက်စီတွင် ၃.၄ arc minutes ရှိသည်။ ထိုပုံရိပ်များသည် လပြည့်ဝန်းအရွယ်အစားနှင့် ကာမိစေရန် ပုံပေါင်း ၅၀ ကျော်လိုအပ်ပေလိမ့်မည်။ ယင်းဧရိယာသည် ကောင်းကင်တစ်ခုလုံးအတွက် နမူနာဆိုပါက လောက(Universe)တွင် ကြယ်စု(ဂယ်လက်စီ)ပေါင်း ၁၀၀ ဘီလီယံ ရှိလေသည်။[၂၃] မကြာသေးခင် ၂၀၁၂ ခုနှစ်က ဟာဘယ်သိပ္ပံပညာရှင်များသည် နှိုင်းယှဉ်ဖွယ်ရှိသော ဧရိယာထက် ကြယ်စုပမာဏ ပိုများသည့် ပုံရိပ်အား Hubble Extreme Deep Field ဖြင့် ထုတ်ပြန်ခဲ့သည်။[၂၄] သို့သော်လည်း ယင်းပုံရိပ်အား အခြေခံကာ ပြီးပြည့်စုံသည့် ကြယ်အရေအတွက်ကို တွက်ချက်ရန် မိမိတို့အနေဖြင့် နောက်ထပ်ယူဆချက်များ လိုအပ်ပေသည်။ ဂယ်လက်စီကြီးများနှင့် ဂလက်ဆီပုများ၊ ယင်းတို့တွင် ပါဝင်သော ပျမ်းမျှ ကြယ်အရေအတွက် စသည်တို့ဖြစ်သည်။ ထို့ကြောင့် ယုတ္တိတန်သော ရွေးချယ်စရာမှာ ဂယ်လက်စီပေါင်း ၁၀၀ ဘီလီယံနှင့် ဂယ်လက်စီတိုင်းတွင် ပျမ်းမျှကြယ်အရေအတွက်ပေါင်း ၁၀၀ ဘီလီယံဟုဖြစ်သည်။ ရလဒ်မှာ ကြယ်အရေအတွက်ပေါင်း ၁၀၂၂ ဖြစ်သည်။
တဖန် မိမိတို့သည် နဂါးငွေ့တန်း ဂယ်လက်ဆီတွင် ပျံ့နှံ့လျက်ရှိသော ကြယ်တို့၏ ပျမ်းမျှထုထည်အား လိုအပ်သည်။ နဂါးငွေ့တန်း ဂယ်လက်ဆီတွင် ကြယ်အများစုသည် M အမျိုးအစားကြယ်များဖြစ်ကြပြီး နေ၏ ၃၀% ထုထည်သာရှိကြသည်။ ကြယ်အမျိုးအစားတို့၏ ထုထည်အား ပျမ်းမျှယူဆလိုက်ပါက နေထုထည်၏ ၅၁.၁% ရှိကြကုန်သည်။ [၂၅] နေ၏ထုထည်သည် ×1030 kg ရှိသည်။ ထို့ကြောင့် လက်ခံနိုင်ဖွယ်ရှိသော စကြဝဠာထဲမှ ကြယ်တစ်ခုချင်း၏ ထုတည်မှာ ၁၀၃၀ kg ဖြစ်သည်။ ထို့ကြောင့် ကြယ်များအားလုံး၏ထုထည်သည် ကြယ်အရေအတွက် (၁၀၂၂) နှင့် တူညီသည်။ 2
၂၀၁၁ ခုနှစ်အရ ထုတ်ပြန်ကြေညာခဲ့သည့် အဝေးကွာဆုံးသော ဂလက်ဆီသည် UDFj-39546284 ဖြစ်သည်။ ၂၀၀၉ ခုနှစ်တွင် ဂါမာရောင်ခြည် လောင်ကျွမ်းမှု GRB 090423 အား တွေ့ရှိခဲ့ကာ အနီရောင်အရွေ့ ၈.၂ ရှိလေသည်။ ယင်းမှ ညွန်ပြသည်မှာ လောက(Universe)က သက်တမ်းအားဖြင့် ၆၃၀ မီလီယံနှစ်သာလျှင် ရှိသေးသည့်အချိန်မှ ကြယ်တစ်စင်းပေါက်ကွဲရာက ရောက်လာသော အလင်းဖြစ်ပေသည်။[၂၆] ပေါက်ကွဲမှုသည် လွန်ခဲ့သောနှစ်ပေါင်း ၁၃ ဘီလီယံနှစ်အကြာက ဖြစ်ပွားခဲ့သောကြောင့် အလင်းနှစ် ၁၃ ဘီလီယံအား မီဒီယာများတွင် အကျယ်တဝင့် ဖော်ပြခဲ့ကြသည်။[၂၇] အနီရောင်အရွေ့ ၈.၂ ၏ မှန်ကန်သော အကွာအဝေးသည့် ၉.၂ Gpc ဖြစ်ပေမည်။ သို့မဟုတ် အလင်းနှစ် ၃၀ ဘီလီယံနှစ် ဖြစ်လေသည်။[၂၈] အခြားသော အဝေးကွာဆုံးအရာဝတ္ထုမှာ Abell 2218 အလွန်မှဖြစ်ကာ ကမ္ဘာမြေမှ အလင်းနှစ် ၁၃ ဘီလီယံဖြစ်သည်။[၂၉] မိမိတို့ ယခုလက်ရှိ ကမ္ဘာမြေမှမြင်ရသည့် ယင်းဂယ်လက်ဆီ၏ အလင်းသည် မဟာပေါက်ကွဲမှုဖြစ်ပြီး နှစ်ပေါင်း ၇၅၀ မီလီယံမှ ဖြစ်ပေသည်။[၃၀]
မိမိတို့ လောက(Universe)ကို လေ့လာနိုင်စွမ်းသည် လောကလုံးဆိုင်ရာ မိုးကုတ်စက်ဝိုင်း (cosmological horizon) ကန့်သတ်ချက်များကို မကျော်လွန်စွမ်းလေရာ လောက(Universe)တွင် ဖြစ်ပွားသည့် များလှစွာသောဖြစ်ရပ်များအား သတင်းအချက်အလက်ရယူရာတွင် များစွာကွဲပြားလှသည်။ နာမည်အကျော်ကြားဆုံးသော မိုးကုတ်စက်ဝိုင်းသည် အမှုန်မိုးကုတ်စက်ဝိုင်း (particle horizon) ဖြစ်ပြီး မိမိတို့မြင်ရသည့် တိကျသောအကွာအဝေးအား ကန့်သတ်ထားသည်။ ယင်းသည် လောက(Universe)၏ သက်တမ်းကြောင့် ဖြစ်လေသည်။ လောက(Universe)သည် သက်တမ်းအားဖြင့် ၁၃ ဘီလီယံဆိုပါက မိမိတို့အနေဖြင့် အလင်းနှစ် ၁၃ ဘီလီယံကျော်ထက်ပိုဝေးသော အကွာအဝေးအား မြင်တွေ့ရမည်မဟုတ်ပေ။ အခြားသော မိုးကုတ်စက်ဝိုင်းများမှာ အနာဂတ်တွင် ဖြစ်နိုင်ခြေရှိသော လောက၏ ပြန့်ကားမှုများကြောင့်ဖြစ်ပြီး ယင်းသည်အမှုန်မိုးကုတ်စက်ဝိုင်းထက် ပိုမိုကျယ်ပြန့်လှပေသည်။