ဝန်ပိုငှက် | |
---|---|
သားပေါက်ချိန်ရာသီတွင် ပျံသန်းနေစဉ် တွေ့ရသော ငှက်ကြီးဝန်ပို | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Aves |
မျိုးစဉ်: | Pelecaniformes |
မျိုးရင်း: | Pelecanidae Rafinesque, 1815 |
မျိုးစု: | Pelecanus လင်းနီးယပ်, ၁၇၅၈ |
အမျိုးအစား မျိုးစိတ် | |
ပိလိကန်းနပ် အိုနိုခရိုတဲလပ် လင်းနီးယပ်၊ ၁၇၅၈
| |
မျိုးစိတ် | |
မျိုးစိတ် (၈)ခု၊ ဤစာကို ကြည့်ပါ။ |
ဝန်ပိုငှက် (အင်္ဂလိပ်: Pelican) ဆိုသည် Pelecanidae မျိုးရင်းမှ ဆင်းသက်လာသည့် ကြီးမားသော ရေငှက်များ၏ မျိုးစုအမည်ဖြစ်သည်။ ၎င်းတို့၏ ထူးခြားသည့် သွင်ပြင်လက္ခဏာမှာ သားကောင်ဖမ်းရန်နှင့် ရေစုပ်ယူသောက်သုံးရန်တို့အတွက် ရှည်လျားသောနှုတ်သီးချွန်ကြီး တစ်ခုနှင့် လည်ချောင်းအိတ်ကြီး တစ်ခု ပါရှိခြင်းပင်ဖြစ်သည်။ ၎င်းတို့သည် ဝန်ပိုညို နှင့် ပီရူး ဝန်ပိုငှက်များမှလွဲ၍ ကျန်မျိုးစိတ်အများစုမှာ အရောင်ဖျော့ဖျော့ အမွေးများရှိသည်။ သားပေါက်ချိန်မတိုင်မီတွင် ဝန်ပိုငှက်များအားလုံးသည် နှုတ်သီးများ၊ လည်အိတ်များနှင့် မျက်နှာပြင်တို့၏ အရောင်များသည် ပို၍တောက်ပလာလေ့ရှိသည်။ရှင်သန်ဆဲ ဝန်ပိုငှက်မျိုးစိတ် ရှစ်မျိုးမှာ သမပိုင်းဒေသမှ အပူပိုင်းဇုံအထိ တကမ္ဘာလုံးအနှံ့ ကျယ်ပြန့်စွာ ကျက်စားကြသော်လည်း။ ၎င်းတို့သည် တောင်အမေရိကတိုက်အတွင်းပိုင်းမှ ဝင်ရိုးစွန်းဒေသများနှင့် ကမ်းဝေးပိုင်း သမုဒ္ဒရာရေပြင်ဒေသများတွင်မူ မတွေ့ရပေ။
|
| |||||||||||||||||||||||||||||||||||||||||||
ဤ ငှက်နှင့် သက်ဆိုင်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |