close front unrounded vowel | |
---|---|
i | |
IPA Number | 301 |
Encoding | |
Entity (decimal) | i |
Unicode (hex) | U+0069 |
X-SAMPA | i |
Braille |
IPA: Vowels | ||||||||||||||||||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| ||||||||||||||||||||||||||||||||
အမည်းစက်၏ဘေးမှ သရများသည်: နှုတ်ခမ်း ဖြန့်ခြင်း • ဝိုင်းခြင်း ဖြစ်သည်။ |
အရှေ့အပိတ်အပြန့်သရ (အင်္ဂလိပ်: close front unrounded vowel, or high front unrounded vowel) သည် အပြောဘာသာစကားများစွာတွင် အသုံးပြုသော သရသံ အမျိုးအစားများထဲက ပုံစံတစ်ခုဖြစ်၍ နိုင်ငံတကာသဒ္ဒဗေဒအက္ခရာတွင် i (အီ) သင်္ကေတဖြင့်ပြသည်။ ဤသင်္ကေတသည် အင်္ဂလိပ်အက္ခရာ meet မှ သရသံနှင့် ဆင်တူ၍ အမေရိကန်အင်္ဂလိပ်စကားတွင် long-e ဟူ၍ခေါ်ဆိုသည်။[၁] အင်္ဂလိပ်ဘာသာစကားတွင် ဤသရသံတွင် ထပ်တိုးသံရှိန်ဆွဲ၍ /iː/ (အီး) ဖြင့်ပြသကြသည်။ ထိုအသံကို ပုံမှန်အားဖြင့် လုံချင်းသရသံဖြင့် ထွက်လေ့မရှိဘဲ သရတွဲသံ (diphthong) အနေအထားအနည်းငယ်ပါဝင်အောင် ထွက်ကြသည်။ အချို့ဒေသယိစကားများ၌ ဤအသံကို လုံးချင်းသရသံ သံရင်းအဖြစ် ထွက်ကြသည်ဟု သိရှိရသည်။[၂] လုံးချင်းသရ သံကို ဘာသာစကားများစွာ၌ ကြားရမည်ဖြစ်ပြီး ပြင်သစ်စကားတွင် chic ကို (အီ) အသံဖြင့်ထွက်ကြသည်။
ယခုဖာ်ပြထားသော အရှေ့ပိတ်အပြန့်သရနှင့် ခပ်နီးနီးတူသည့် အသံမှာ သရတစ်ဝက် ဗျည်းတစ်ဝက် အာခေါင်သံ (palatal approximant) (-ယ်) သံဖြစ်သည်။ ထိုအသံနှစ်ခုမှာ ပုံပန်းသဏ္ဌာန်အရ အချိုးညီလုနီးပါးဖြစ်သည်။ ပြင်သစ်နှင့် အချို့သော ဘာသာစကားများ၏ သရတွဲသံများတွင် ထိုနှစ်လုံးသည် အပြောင်းအလဲရှိကြ၍ တူညီသောအသံထွက်ရှိရန် နှင့် ဟူ၍ မတူညီသော အသံဖလှယ်မှု စနစ်ဖြင့် ပြသအသုံးပြုကြသည်။
လက်တင်အက္ခရာအသုံးပြုသော ဘာသာစကားများတွင် ⟨i⟩ ဖြင့်ပြသသော်လည်း ခြွင်းချက်ရှိရာ အင်္ဂလိပ်စကားတွင် ထိုအက္ခရာသင်္ကေတကို bite ၌ /aɪ/ ၊ bit ၌ /ɪ/ အဖြစ်ရေးသားကြ၍ /iː/ အသံကို ရေးသားရာ၌ ⟨e⟩, ⟨ea⟩, ⟨ee⟩, ⟨ie⟩ or ⟨ei⟩ ဟူ၍ ရေးသားကြပြီး ဥပမာစကားလုံးများမှာ scene, bean, meet, niece, conceive တို့ဖြစ်ကြသည်။
မြန်မာဘာသာစကားရှိ သရသံများစွာထဲက အီ သရသံနှင့် လွန်စွာနီးကပ်သည်။ ဒန်းညာ ဂျုံးဇ်၏ အခြေခံသရ ရှစ်ခုထဲမှ i သရထက် မြန်မာတို့က လျှာကို အနည်းငယ်နိမ့်၍ အနောက်သို့အနည်းငယ်ထားကာ ထွက်လေ့ရှိပြီး နှုတ်ခမ်းပုံစံမှာ မပြန့်မဝိုင်း အနေအထားဖြစ်သည်။ သရသံတစ်ခုတည်းဖြင့်သာ ပြောဆို၍ သရတွဲသံမထွက်ရှိရချေ။[၃]
This sound has a tongue position lower than that of Cardinal Vowel No. 1 , and retracted a little from the front ; lip position , neutral . Many English speakers use the sound in words like eager , be , need . English learners who use a diphthong in pronouncing these words should be careful to avoid it in speaking Burmese