ပတ်လည်ညီ အက္ခရာသင်္ချာဟု မြန်မာဘာသာ ပြန်ဆိုနိုင်သည့် commutative algebra ခေါ် ဘာသာရပ်မှာ သင်္ချာပညာရှိ ခေတ်သစ်၊ သို့မဟုတ် စိတ္တဇ အက္ခရာသင်္ချာဟု ခေါ်နိုင်သည့် abstract algebra ဘာသာရပ်၏ ဘာသာရပ်ခွဲတစ်ခု ဖြစ်ပြီး၊ အက္ခရာသင်္ချာနည်းကျ ဂျီဩမေတြီ (algebraic geometry)၊ ကိန်းသေသီအိုရီ (invariant theory) နှင့် ကိန်းသီအိုရီ (number theory) တို့မှ ၁၉ ရာစုအတွင်း ပေါက်ဖွားလာခြင်း ဖြစ်သည်။[၁] ဤဘာသာရပ်တွင် ပတ်လည်ညီကွင်း (commutative ring) များ၊[မှတ်စု ၁] ၎င်းကွင်းများထဲရှိ အိုင်ဒီးလ် (ideal) ခေါ် အထူးကွင်းငယ်များ၊ ၎င်းကွင်းများအပေါ် အခြေခံသည့် မော်ဂျူး (module) များ အစရှိသည့် သင်္ချာအရာဝတ္ထုများကို လေ့လာသည်။
ဤ သင်္ချာနှင့် သက်ဆိုင်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |