ပိရမစ် (အင်္ဂလိပ်: pyramid; ဂရိ: πυραμίς, pyramis မှ)[၁][၂] ဆိုသည်မှာ တြိဂံပုံစံ ပြင်ပမျက်နှာပြင်များရှိပြီး ထိပ်ဆုံးတွင် စုဆုံနေသော အဆောက်အဦးတစ်ခု ဖြစ်သည်။ ပိရမစ်တစ်ခု၏ အောက်ခြေသည် အနားသုံးဖက်၊ အနားလေးဖက် သို့မဟုတ် မည်သည့် ဗဟုဂံပုံစံမဆို ဖြစ်နေနိုင်သည်။ ထို့အတွက် ပိရမစ်တစ်ခုတွင် တြိဂံပုံ ပြင်ပ မျက်နှာပြင် သုံးခု (အောက်ခြေမျက်နှာပြင် ပါဝင်ပါက လေးခု) အနည်းဆုံး ရှိသည်။ အောက်ခြေ စတုရန်းပုံနှင့် တြိဂံပုံ ပြင်ပမျက်နှာပြင် လေးခုရှိသော စတုရန်းပုံ ပိရမစ်သည် အတွေ့ရများသော ပိရမစ်ပုံစံ ဖြစ်သည်။
ဤ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |