Local Void သည် Local Group နှင့် တစ်တန်းတည်း တည်ရှိသော အာကာသကြားခံနယ်မြေ၏ နယ်နမိတ်တစ်ခုဖြစ်သည်။[၃][၄]
ယင်းအား Brent Tully နှင့် J. Richard Fisher ဆိုသူတို့မှ ၁၉၈၇ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သည်။[၅]
ယခုအချိန်တွင် Local Void အား Galaxy filament ဟုခေါ်ဆိုသည့် အပိုင်းသုံးခုဖြင့် ဖွဲ့စည်းထားသည်ဟု သိရှိရသည်။[၄]
အကျယ်ကိုမူ မသိရပေ၊ သို့သော် အနည်းဆုံး ၄၅Mpc (အလင်းနှစ် ၁၅၀ မီလီယံ) ကျယ်ဝန်းပြီး[၆]
ဒိုင်မင်းရှင်းအားဖြင့် ၇၀Mpc (အလင်းနှစ် ၂၃၀ မီလီယံ) ခန့် ရှည်လျားနိုင်ဖွယ်ရှိသည်။[၄]
Local Void တွင် စံပြ နက္ခတ္တဗေဒမှ မျော်မှန်းသည်ထက် ဂယ်လက်ဆီပါဝင်မှုမှာ နည်းပါးလျက်ရှိသည်။[၇]
တည်နေရာနှင့် ဒိုင်မင်းရှင်းများ
Void များဆိုသည်မှာ စကြဝဠာအား ဂလက်ဆီအစုအဝေးများအဖြစ် စုစည်းစေပေးသော ဒြပ်ဆွဲအားများ၏ ရလဒ်များဖြစ်ကြသည်။[၃][၈]နဂါးငွေ့တန်း ဂယ်လက်ဆီသည် Local Sheet ဟုခေါ်ဆိုသော (ယင်းသည်လည်း Local Void နှင့် ဆက်စပ်သည်) ဂယ်လက်ဆီများအစုတွင် တည်ရှိသည်ဟု နက္ခတ္တပညာရှင်များက မကြာသေးခင်က
သတိပြုမိခဲ့ကြသည်။[၃] Local Void သည် Local Group အနားစွန်းမှအစပြုကာ ၆၀ megaparsec (၂၀၀ မဂ္ဂါအလင်းနှစ်) နီးပါးခန့်
ကျယ်ပြန့်သည်။[၉]
ကမ္ဘာမြေမှ Local Void အလယ်ဗဟိုသို့ အကွာအဝေးသည် အနည်းဆုံး ၂၃ megaparsec (၇၅ မဂ္ဂါအလင်းနှစ်) ရှိမည်ဟု ယုံကြည်ထားသည်။[၄]
Local Void ၏ အရွယ်အစားအား ဂယ်လက်ဆီပုများ၏ သီးခြားတည်ရှိမှုဖြင့် တိုင်းတာခဲ့ကြသည်။ ကွက်လပ်ပြင် void များကြီးလေလေ ဒြပ်ဆွဲအားမှာ နည်းလေလေဖြစ်သည်။
ဘေးပတ်ဝန်းကျင်တွင် သက်ရောက်မှု
သိပ္ပံပညာရှင်များယုံကြည်သည်မှာ Local Void သည် ကြီးထွားနေပြီး Local Sheet သည် ကွက်လပ်ဗဟိုမှ တစ်စက္ကန့်လျင် ၂၆၀ ကီလိုမီတာနှုန်းဖြင့်
ဝေးရာသို့ ပြေးလွှားနေသည်ဟုဆိုသည်။[၈]
အရာဝတ္ထုများ စုစည်းနေခြင်းသည် သာမန်အားဖြင့် အတူတကွ စုစည်းဆွဲငင်စေသည်။ Local Void မှ နဂါးငွေ့တန်း၏ ပြေးလွှားသောအလျင်သည်
၂၇၀ kilometres per second (၆၀၀,၀၀၀ miles per hour) ဖြစ်သည်။[၃][၆]
↑ ၁၀.၀၁၀.၁၁၀.၂၁၀.၃၁၀.၄၁၀.၅၁၀.၆၁၀.၇၁၀.၈ The Astrophysical Journal Letters, "Detection of X-Ray Emission from Galaxies inside the Bootes Void", Chulhee Kim, Th. Boller, Kajal K. Ghosh, Douglas A. Swartz, Brian D. Ramsey, 'Volume 546, Number 2', 10 January 2001, doi:10.1086/318868
↑ ၁၁.၀၁၁.၁၁၁.၂၁၁.၃၁၁.၄၁၁.၅ The Astronomical Journal, "Spectroscopy of Galaxies in the Bootes Void", Shawn Cruzen 1, Tara Wehr, Donna Weistrop, Ronald J. Angione, Charles Hoopes, 'Volume 123, Number 1', 2002 January, doi:10.1086/324739